9 ✧⁠*⁠。

931 155 12
                                    


" ဟျောင်း.. ဒီမှာ "

ဆောင်းဟွန်းက သူ့အရပ်အရှည်ကြီးနဲ့ ပွဲကြည့်
သူတွေ အနှောင့်အယှက် မဖြစ်ရအောင် ခါးကို
ကိုင်းကာ "အားနာပါတယ်" ဟုဆက်တိုက်ပြော
ရင်း ယန်းဂျောင်ဝန်းနားသို့ ရောက်လာ၏။

ပွဲက စနေပြီ ဖြစ်ရာ အမျိုးမျိုးသော ဖျော်ဖြေမှု
တွေနှင့်အတူ ဆောင်းဟွန်းလည်း စတင်စီးဆင်း
တော့သည်။ လက်တစ်ဖက်က လေးလို့ သိပ်မလှုပ်နိုင်ပေမယ့် လူအများကြီးက အော်ဟစ်အား
ပေးကာ ကခုန်နေကြသည်မို့ ပတ်ဝန်းကျင်က
တက်ကြွနေကြသည်။

" ဂျေးတို့က ဘယ်အလှည့်လဲ ၊ လာတော့မှာလား.."

ဂျောင်ဝန်းက နားတစ်ဖက်ကို လက်သန်းနဲ့ထိုး
ထားရင်း ဆောင်းဟွန်းကို ပြောလိုက်၏။

" မသိဘူး.."

ဂျောင်းဝန်းမျက်နှာကရှုံ့မဲ့နေပေမယ့် ထွက်သွား
ချင်ကြောင်း ပြောမလာပေ။ တစ်နာရီလောက်
သည်းခံကြည့်ပြီးသည့်နောက် မှာ MC မှာ ဂျေးနှင့် အဖွဲ့သားများကို ဖိတ်ခေါ်ပါတယ် ဟုသည့်
အသံကြောင့် ယန်းဂျောင်ဝန်းက သက်ပြင်းချ
လိုက်ပြီး ဆောင်းဟွန်း၏ မျက်နှာမှ အပြုံးကပို
ပြီး ကျယ်ပြန့်လာသည်။

အားလုံး စင်ပေါ်တွင် အသင့်ပြင်နေချိန်ဖြစ်၍
မီးမောင်းများကို ချထားကြသည်။ စင်ပေါ်တက်
လာသည့် ခြေထောက် များကိုသာ မြင်နိုင်ပြီး
ထိုထဲမှ အတော်အတန်သွယ်သော အသားကပ်
ဂျင်းဝတ်ထားသည့် ခြေထောက်ကလေးက စင်
၏ အလယ် ၊ မိုက်စတန်းရှိသည့် နေရာတွင် လှလှ
ပပ စတိုင်ကျစွာ ရပ်သွား၏။ အနောက် မှ မီးထိုး
လိုက်သည်နှင့် မိမိ၏ တူရိယာကိုယ်စီကိုင်ကာ
နေရာယူနေကြသည့် အနက်ရောင် body line
များပေါ်လာသဖြင့်လူအုပ်ကြီးက တစ်ခဲနက်
အော်ဟစ်ကြတော့သည်။

စင်တစ်ခုလုံးမီးများ ထွန်းညှိလိုက်သည်နှင့်တစ်
ပြိုင်နက် electric guitar သံလေးက ပျံ့လွင့်
လာပြီး ဆောနူ၏ မျက်နှာလှလှလေးကိုလည်း
ရှင်းရှင်းလင်းလင်း မြင်လာရတော့သည်။

ဆောနူက လက်ပြတ်အင်္ကျီနှင့် skinny jeans
ကိုတွဲဖတ်ဝတ်ထားပြီး အကွက်အင်္ကျီကိုခါးတွင်
စည်းထားသဖြင့် ခါးလေးက ပုံမှန်မြင်နေကျထက်ပို၍ သေးသွယ်နေသည်။ ထို့နောက် ဆောနူ
၏ ဘယ်ဘက်လက် မှာ လက်ဖဝါးမှ တံတောင်
ဆစ်နားထိ စည်းထားသော ပတ်တီးအဖြူလေး။

When you were in my arms , I was on your shoulder Where stories live. Discover now