12 ✧⁠*⁠。

1K 182 29
                                    


ယန်းဂျောင်ဝန်း သူ့ရှေ့က ထမင်းပန်းကန်ကို
လှပ်ထားရင်း နားထင်တွင် လက်ထောက်ကာ
ထပ်ပြီး ဒီမြင်ကွင်းထဲ ကျရောက်နေပြန်သည်။

ယခင်က သူ့ဘေးမှာ ဆောင်းဟွန်းရှိပြီး ဆောနူ
နှင့် ဂျေးက အတူရှိခဲ့ပေမယ့် အခုတော့ ဂျေးက
သူနှင့်အတူ ထိုင်နေရသည်။ သူ့ရှေ့မှာ ဂင်ဆော
နူလာရင် စားဖို့အတွက် ထမင်းလည်းအသင့်ယူထားပေးပြီး တူတွေနေရာချနေသည့် ပတ်
ဆောင်းဟွန်းကို သူတို့နှစ်ယောက်စလုံး ကြည့်နေ
ရသည်။ ဒါတောင် ဂင်ဆောနူက အတန်းရှေ့မှာ
လာမစောင့်ပါနဲ့လို့ စာပို့ထားပေလို့။ မလာသေး
ဘူးလားဆိုပြီး တမျှော်မျှော်နဲ့ သမင်လည်ပြန်ဖြစ်
နေတာ။

ပတ်ဂျေးက ဗိုက်ဆာနေတာတောင် မစားဘဲ တမျှော်မျှော်နှင့် စောင့်နေသည့် သူ့သူငယ်ချင်းကိုကြည့်ရင်း မျက်လွှာချကာ ရေတစ်ခွက် မော့သောက်လိုက်သည်။

ခဏအကြာတွင် လူတွေအများကြီးကြားထဲမှ
ဂီတာအိတ်ကို လွယ်လျက် လမ်းလျှောက်လာ
သည့် ဆောနူက ဆောင်းဟွန်း၏ ပါးချိုင့်တွေ
ကို ဆွဲထုတ်ပေးတဲ့လူ။

ဆောနူ ဘေးနားရောက်လာသည်နှင့် ဂစ်တာအိတ်ကို ထချွတ်ပေးနေသူ ကိုယ်တော်ချောကို
ကြည့်ရင်း ယန်းဂျောင်ဝန်းမျက်ဆံကိုအပေါ်တင်
လိုက် မိသည်။ ပိုကိုပိုတယ်လို့တောင် မပြောနိုင်
တော့၊ ရူးကိုရူးနေတာ။ လက်ကျိုးလည်း ကျိုးသ
လို မနေ။

" မစားရသေးတာလား၊ စားနှင့်ကြတာ မဟုတ်
ဘူး.."

" ဒီမှာ.."

ဆောနူ စကားပြောနေတုန်း ဆောင်းဟွန်းက
ဆောနူလက်ထဲသို့ တူကို ထည့်ပေးလာသည်။
ပန်းကန်ထဲ ငုံ့ကြည့်တော့ ဆောင်းဟွန်း ဝယ်ပေး
ထားသဖြင့် အသားတွေ ဖောဖောသီသီ။

ထိုအခါမှ သူတို့အားလုံး ထမင်းစစားကြသည်။
ဂျေးက ထမင်းငုံ့စားနေသည့် ဆောင်းဟွန်းကို
ကြည့်ရင်း သူ့ရှေ့က ရေခွက်ကို ဆောင်းဟွန်း
ဆီ တိုးပေးလိုက်၏။

" ဗိုက်ဆာနေတာသိပေမယ့် ဖြည်းဖြည်းလည်း
စားဦး၊ အစာမကြေဖြစ်ဦးမယ်.."

ဆောနူ၏ တည်ကြည်သော မျက်နှာသည်
အနည်းငယ် ပြောင်းလဲသွားသော်လည်း ဘယ်သူ
မှ သတိမထားမိကြပေ။

When you were in my arms , I was on your shoulder Where stories live. Discover now