" အစ်ကိုဂျေး၊ ဧည့်သည်လာတယ် "
ဂျေး စတူဒီယိုတွင် artist တစ်ဦးအား recording လုပ်နေရင်း လာခေါ်သည့်
ကလေးကို မျက်မှောင်ကျုံ့ကာ လှည့်
ကြည့်လိုက်၏။" တောင်းပန်ပါတယ်။ အစ်ကို မအားဘူး
လို့ ပြောတာကို ဆက်တိုက် အသိတွေပါ ၊
ဝင်သွားလိုက် မယ် လုပ်နေလို့.."" ဘယ်သူလဲ "
" ယန်းဂျောင်ဝန်းတဲ့.."
ဂျေး အနည်းငယ် တွေသွားကာ ရှေ့ပြန်လှည့်
လိုက်ပြီး.." ထိုင်စောင့်နေလို့ ပြောလိုက် "
" ဟုတ်ကဲ့ ၊ သိပါပြီ.."
ထို့နောက် ဂျေး အတွင်းခန်းနှင့်ဆက်သွယ်
သည့် ခလုတ်ကို နှိပ်လိုက်ရင်း မိုက်နှင့်စကား
ပြောလိုက်၏။" 2nd verse ကို တစ်ခေါက်လောက် ထပ်
လုပ်ကြည့်ပါမယ်.."အချိန် တစ်ခုကြာပြီးနောက် ဂျေးက အခန်းထဲ
က ထွက်လာတော့ လွတ်နေသည့် ဧည့်သည်
ခန်းကို တွေ့လိုက်ရ၏။ ပြန်လွှတ်ရင်တောင်
မပြန်တဲ့ လူစားမျိုးပါ၊ စောင့်ရတာ အရမ်း
ကြာသွားလို့များ ပြန်သွားတာလား။" ဟေ့ ၊ ဧည့်သည်ရော.."
ဂျေး သူ့ဟာသူတစ်ယောက်တည်း အလုပ်ရှုတ်
နေသည့် တပည့် ဖြစ်သူကို လှမ်းမေးလိုက်တော့
ဂျေး သတိပေးလိုက် မှ သူလည်း သိပုံနှင့် ပြာ
ပြာသလဲ ဖြစ်နေတော့၏။" ထားလိုက်တော့ ၊ ပြန်သွားတာ ဖြစ်မှာပေါ့.."
အားရင် အားသလို date ဖို့လာခေါ်ပေမယ့်
ပံုမှန်အတိုင်း ထမင်းလိုက်စားပေးတာက
လဲပြီး မတုံ့ပြန်သည့် ဂျေးကြောင့်သူလည်း ငြီးငွေ့နေလောက် မှာပေါ့ ။ဂျေး အနည်းငယ် စိတ်ပျက်သွားကာ စတူဒီရိုထဲ ပြန်ဝင်မည်အပြု.." ဖောင်း !!"
ကျယ်လောက်သည့် ပေါက်ကွဲသံက တစ်နေရာရာကနေ ထွက်ပေါ်လာတာမို့ ဂျေး မျက် မှောင်
ကျုံ့မိသွား၏။" ဘယ်နေရာ.. "
" ငါ့ အခန်း "
ဂျေး သူ့ရဲ့ ကိုယ်ပိုင် ဂီတခန်းသို့ ပြေးသွား
လိုက်၏။ တံခါးကို ဆွဲဖွင့်လိုက်တော့ ထောင့်
နားမှာ ကပ်နေသည့် ဂျောင်ဝန်းနှင့် မီးပွားတစ်
ဖောက်ဖောက်ပွင့်ကာ အခိုးတလူလူထနေသည့် နေသည့် သူ့ရဲ့ဈေးကြီး sound box ကိုတွေ့
လိုက်ရလေသည်။
YOU ARE READING
When you were in my arms , I was on your shoulder
RomanceWRITTEN IN BURMESE Character introduction kim sunoo : seems like cold-hearted person but have a soft spot on one person he loves park sunghoon : the most straightforward and delicate guy who knows nothing but how to love that person park jay : the m...