25 ✧⁠*⁠。

1K 175 47
                                    

ဆောနူ ဖုန်းကို ချလိုက်ပြီး စားပွဲထက်တွင်
တင်ထားသည့် ခွေးရုပ်လေးကို မြင်တော့
အရုပ်ကို ယူပြီး အမှိုက်ပုံးထဲ ထည့်ရန်ပြင်
လိုက်သည်။ သို့သော် သူ့လက် များက လမ်း
တစ်ဝက် မှာတင် ရပ်တန့်သွား၏။ ဆောနူ
သက်ပြင်းပြန်ချလိုက်ကာ အရုပ်ကို စားပွဲပေါ်
ပြန်တင်လိုက်၏။ သူနှင့် မျက်နှာချင်းဆိုင်တော့
မဟုတ်။ နံရံဘက်သို့ အရုပ်ကို လှည့်ထားလိုက်
၏။

" ဆောနူ~ "

ဒီအိမ်မှာ သူ့ကို လာခေါ်မှာ တစ်ယောက်ပဲရှိ
သည်။ သူ ဆောင်းဟွန်းကို ကုမ္ပဏီမှာ ပြဿနာ
ရှာပြီးနောက် အနည်းငယ် စိတ်ဆိုးသလိုရှိနေ
တာမို့ ဒီရက်ပိုင်း စကားကောင်းကောင်းမပြော
ဘဲ မျက်လုံးချင်းတောင် မဆုံပေ။ ထိုအရာကို
ဆောင်းဟွန်းလည်း သတိထားမိပုံရသည်။

ဆောနူ တံခါးသွားဖွင့်လိုက်တော့ တံခါးရှေ့တွင်
အတောင့်လိုက် ရပ်နေသည့်လူ။

" ဘာကိစ္စရှိလို့လဲ "

" အာ.. ညစာ အခုထိ မစားရသေးဘူးမလား ။
အတူတူ စားမလား.."

" ကျွန်တော် diet လုပ်နေတယ်.."

ဆောင်းဟွန်းက စကားရပ်သွားပြီးနောက်
လေသံ အေးအေးလေးနှင့် ဆောနူ၏ အသံ
မာမာကို ပြန်တုံ့ပြန်လေသည်။

" diet လုပ်ပေမယ့် ညဘက် ဘာမှမစားရင်
အစာအိမ် ဖြစ်နိုင်တာမို့လို့.. နည်းနည်းလာ
စားလိုက်ပါလား။ အသီးဝယ်ထားတယ်.."

ဆောင်းဟွန်း၏ ရည်ရွယ်ချက် အမှန်ကတော့
ဆောနူ စိတ်ဆိုးပြေအောင် နောက်တစ်ကြိမ်
လောက် သေချာရှင်းပြဖို့ အချိန်ရှာလိုက်တာ
ဖြစ်သည်။ သို့သော် ဆောနူနှင့် သရဲကားအတူ
ထိုင်ကြည့်နေရမယ်မှန်း မသိခဲ့ချေ။ ဆောနူက
ကြမ်းပြင်တွင် ထိုင်ရင်း အသီးများကို ရုပ်သေ
နှင့်စားနေကာ TV ကိုပဲ မျက်နှာ မူထား၏။

ဆောင်းဟွန်းမှာ စကားပြောချင်သူမို့ ဘေးမှာ
တောင့်တောင့်လေးထိုင်နေ၏။ ဆောနူ သူ့ဘေး
မှာ ထိုင်ရင်း နားထင်မှာ ချွေးထွက်နေသည့်သူ
ကို ထုထောင်းပစ်ချင်၏။

" မကြည့်နိုင်ရင် ကြည့်ပေးဖို့ မလိုဘူး ။
မြန်မြန်သွားအိပ်လိုက်တော့.."

When you were in my arms , I was on your shoulder Where stories live. Discover now