16 ✧⁠*⁠。

1K 164 34
                                    

အိမ်တံခါးဖွင့်သံကြားလိုက်ရတော့ လင်မယား
နှစ်ယောက် ထမင်းလက်ဆုံစားနေရင်း လှည့်
ကြည့်လိုက်သည်။

" ဆောင်းဟွန်း ပြန်ရောက်ပြီလား။ ထမင်းရော.."

" သားလေး.."

သူတို့ကို တစ်ချက်တောင် လှည့်မကြည့်ဘဲ
ပန်းစည်းကြီးကိုကိုင်၍ သွေးစုတ်ဖုတ်ကောင်
လို တစ်လှမ်းချင်း အပေါ်တက်သွားသည့်
သားတစ်ယောက်အား တအံ့တဩကြည့်နေ
မိသည်။

ထို့နောက် သူမ ခင်ပွန်းသည်ကို ပြန်ကြည့်ရင်း..

" ဘာဖြစ်တာလဲ၊ တစ်ခုခုတော့ ဖြစ်လာတဲ့ပုံပဲ။
အသွားတုန်းက ဒီပုံ မဟုတ်ပါဘူး။
မျက်နှာလည်း ဖြူဖတ်ပြီး လုံးဝမကောင်းဘူး.."

" ဘာဖြစ်ရမှာလဲ။ လူငယ်တွေပဲ ရန်ဖြစ်ကြမှာ
ပေါ့.."

" မဟုတ်သေးပါဘူး။ အဲ့လိုဖြစ်စရာအကြောင်း
မရှိပါဘူး။ ဆောနူနဲ့ရန်ဖြစ်ဖို့ သူ့မှာ ဘာသတ္တိ
ရှိလို့လဲ ! ဟိုက လုပ်လိုက်ရင်တော့ မသိ..
နေစမ်းပါဦး၊ ကျွန်မသွားမေး.."

ခုံပေါ်မှ ထရန်ပြင်နေသော အမျိုးသမီးအား
ခင်ပွန်းဖြစ်သူက ပြန်ဆွဲချလိုက်ကာ..

" ခဏလောက် နားပါစေဦး၊ မင်းသားက အခု
စကားပြောချင်စိတ်ရှိတဲ့ပုံ ပေါက်နေလို့လား။
သူလည်း အရွယ်ရောက်နေပါပြီ.. သူ့ဟာသူ
စဉ်းစားဆုံးဖြတ်ပါစေ.. ရော့ မိန်းမ ကိုယ့်ကို
ဟင်းရည် ထပ်ထည့်ပေးဦး.."

ဆောင်းဟွန်းမေမေမှာ စိတ်ပူနေပေမယ့်လည်း
နေရာတကာ သူဝင်မပါသင့်ဘူးဟု တွေးလိုက်
ကာ သူ့ခင်ပွန်း ကမ်းပေးနေသည့် ဟင်းရည်
ပန်းကန်လုံးကို ဆွဲယူလိုက်လေသည်။

" တကယ်ပဲ အဆင်ပြေမှာပါနော်.."

✧⁠*⁠。

ဆောင်းဟွန်း အခန်းတံခါးကို ပိတ်လိုက်ပြီး
သည်နှင့် တံခါးကို မှီကာ ထိုင်ချလိုက်သည်။
သူ မျက်နှာချင်းဆိုင်ထားသော သူ့အခန်းအတွင်း
ခြေရင်းက ဆိုဖာထပ်မှာ ညနေက လေ့ကျင့်ပြီး
ထားခဲ့သည့် ဂစ်တာတစ်လုံးရှိပြီး နံရံနှင့်မျက်နှာ
ကျက်က ဆောနူ၏ ပုံလေးတွေရှိသည်။

မီးမဖွင့်ထားသည့် အခန်းအတွင်း လရောင်သာ
ရှိပြီး သူ့ဘေးတွင်တော့ သူပစ်ချထားသည့်
နှင်းဆီအနီရောင် ပန်းစည်းမှာ ပိုင်ရှင်ဆီမှ
စွန့်ပစ်ခံထားရလေသည်။

When you were in my arms , I was on your shoulder Where stories live. Discover now