တောင်ပတ်လမ်းတစ်လျှောက် ပြန်ဆင်းလာသော
ကားကလေးမှာ အုံ့မှိုင်းနေသည့်ရာသီဥတုကို ဖောက်ခွင်းလျက် ခရီးဆက်နေ၏။ အပြင်ရာသီ
ဥတုနှင့် မတူစွာ ကားထဲရှိ လေထုမှာတော့ကလေးငယ်၏ သီချင်းသံဖြင့် စိုပြေလျက်ရှိနေ
သည်။ ကားမောင်းနေသည့် ဖခင်ဖြစ်သူကပြုံး
နေလျက် မိခင်က ကလေးနှင့်အတူ လက်ခုတ်
တီးကာ သီချင်းသီဆိုနေ၏။" ဆောနူလေး ကြီးလာရင် အဆိုတော်လုပ်
မှာလား.."" ဟုတ် ! သား အဆိုတော်လုပ်ပြီး ပွဲအကြီးကြီး
လုပ်မှာ ! အဲ့အခါကျ အမေရော အဖေရော လာ
ကြည့်ရင် သားက စင်ပေါ်ကနေ လက်လှမ်းပြ
မှာ.."" ပြောနေတဲ့ပုံကတော့ အတည်ပေါက်ပဲ၊
ယောက်ျား မြို့ကိုပြန်ရောက်ရင် ဆောနူ
အတွက် အဆိုသင်တန်း ရှာပေးကြည့်ရင်
ကောင်းမလား.. သားလေးရော၊ ကြိုးကြိုး
စားစား လုပ်မယ် မလား.."မေမေက ပေါင်ပေါ်ကသူ့ကိုပြုံးကာငုံ့ကြည့်၏။
" အင်း !"
ဆောနူ မျက်လုံးလေးများ မှိတ်သည်အထိ
ခေါင်းညှိမ့်ကာ ဖြေလိုက်သည်။အဲ့တုန်းက... ကြိုမသိခဲ့ဘူး။
အဲ့တာက အဖေနဲ့အမေပါဝင်ခဲ့တဲ့ နောက်ဆုံး
မှတ်ဉာဏ်ဆိုတာ။အသိပြန်ဝင်လာတော့ အဖေနဲ့အမေက
ဓာတ်ပုံထဲက လူတွေအနေနဲ့ပဲ ကျန်ရှိနေတော့သည်။ သူတစ်ယောက်တည်းကို စိတ်မပူတော့သလိုမျိုး၊ အရမ်းအပူအပင်ကင်းကင်းပြုံးနေခဲ့လေသည်။ဇာပနာသို့လာသည့် ဧည့်သည်များက အနက်
ရောင် အနောက်တိုင်းဝတ်စုံသေးသေးလေး
ဖြင့် ဒူးထောက်ကာ ထိုင်နေသည့် ချစ်စရာ
ကလေးလေးကို သနားကရုဏာသတ်ကြသည်။" ဒီအရွယ်လေးပဲ ရှိသေးတယ်၊ ဘယ်လိုလုပ်
နေမှာလဲ.."" တစ်မိသားစုလုံး ကားစင်းလုံးမှောက်တာ ၊
သူတစ်ယောက်ပဲ ကျန်ခဲ့တာတဲ့လေ "" အမလေး.. သနားလွန်းလို့ ဘယ်လိုလုပ်ရမလဲ "
အဲ့လို ပြောဆိုနေကြတဲ့ လူတွေထဲ ဘယ်နှယောက် မှ ငါ့ကို မကူညီခဲ့ကြဘူး။ ငါ့ရဲ့ကံဆိုး
မှုကို စာနာပြသလိုလိုနဲ့ သူတို့ဘဝမှာ ဒီလိုမျိုး
မကြုံရတဲ့အတွက် စိတ်သက်သာရာရနေခဲ့ကြ
မှာပေါ့။
YOU ARE READING
When you were in my arms , I was on your shoulder
RomanceWRITTEN IN BURMESE Character introduction kim sunoo : seems like cold-hearted person but have a soft spot on one person he loves park sunghoon : the most straightforward and delicate guy who knows nothing but how to love that person park jay : the m...