23 ✧⁠*⁠。

1.3K 210 24
                                    


ဆောနူက အေးတိအေးစက်နိုင်သည်။ အပြုံး
အရယ်ရှားသည်။ လက်တွေ့ကို ပိုအာရုံစိုက်
တတ်ပြီး romance ဆိုတာမျိုးတွေ မသိတဲ့
လူမျိုးပေမယ့် ဆောင်းဟွန်းအတွက် အဆင်
ပြေခဲ့သည်။

အဲ့လိုလူမျိုးက ဆောင်းဟွန်းအတွက်ပဲ အရာရာ
ကို လိုက်လျောပေးခဲ့တာမို့လို့လေ။

ဆောင်းဟွန်း နေမကောင်းဖြစ်ပြီး အခန်းထဲ
တွင် လှဲနေချိန် ဆောနူက တံခါးရှေ့တွင်ရောက်
လာတတ်၏။

" ကိုယ် တကယ် အဆင်ပြေတာပါဆို.. "

သူဟာ ဘယ်တုန်းကမှ ဆောနူကို မတွန်းလှန်
နိုင်ခဲ့ဘူးလေ။ သူ့ကို ဆောနူက ပြန်ပြီးပြုစု
ပေးနေရမှာမျိုးကို ငြိမ်ခံမနေချင်သော်လည်း
ဆောနူက တစ်ချက်ကြည့်လိုက်တာနှင့် သူ့
အကြောင်း သူသိကာ ပါးစပ်ပိတ်လိုက်ရမြဲ။

ပြီးလျှင် သူ့ရဲ့ ပေါ့ဆတတ်မှုတွေကို စိတ်ဆိုးသလို လုပ်ပြရင်း သူ့ကုတင်ဘေးမှာထိုင်ကာ
တစ်ညလုံး ရေပတ်ဝတ်လဲ ပေးပြီး သူ့ဘေးမှာ ငြိမ်ငြိမ်လေး အိပ်ပျော်သွားတတ်သည်။

အဲ့အချိန်များကို ဆောင်းဟွန်း တိတ်တိတ်လေး
သဘောကျရပါသည်။ ဂင်ဆောနူရဲ့ ဒီလိုနွေး
ထွေးတတ်တဲ့ ဘက်ခြမ်းကို သူကလွဲပြီးဘယ်
သူမှ မသိနိုင်၊ ဘယ်သူ့ကိုမှလည်း မပြချင်။

ဒီတိုင်း တစ်လောကလုံး ဆောနူကို အထင်လွဲ
ကြပါစေ၊ သူပဲ ဆောနူရဲ့ အမှန်တရားကိုအပိုင်
သိမ်းထားလိုက် မယ်ဆို ဘယ်လိုလဲ ။ အားလုံး
မနာလို ဖြစ်ကြမှာမို့လို့လေ ။ ဒီလိုနည်းနဲ့သူက
ဆောနူအတွက် ထူးခြားတဲ့လူလို့ အထင်မှားခဲ့
တာပေါ့ ။

အဲ့ဒီ အထင်မှားမှုဟာ လွန်ခဲ့တဲ့ ခြောက်နှစ်က
တည်းက ဖြေရှင်းပြီးသွားပေမယ့် ထပ်ပြီး
တစ်ခြားတစ်ယောက်က ဆောနူရဲ့ အဲ့လိုပုံစံ
ကို မြင်သွားမှာကို သူမလိုချင်ပေ။

အခုလို တစ်ခြားတစ်ယောက်နှင့် ပေါ့ပေါ့ပါးပါး
စကားပြောနေသည့် ဆောနူကို ကြည့်ရသည်ကို
ပိုပြီး အသားကျသွားအောင် ကြိုးစားရန်လိုအပ်
လိမ့်မည် ထင်သည်။

ဒါရိုက်တာနှင့် ထုတ်လုပ်သူများရောက်လာတော့
ဆောင်းဟွန်းလည်း မျက်တောင်ခတ်သိမ်းလိုက်
ကာ အခန်းထဲမှ ထထွက်သွားလေတော့သည်။

When you were in my arms , I was on your shoulder Where stories live. Discover now