29 ✧⁠*⁠。

1.1K 189 29
                                    

နောက်တစ်နေ့ ညနေမှ လိပ်စာရသည်နှင့်
ဆောင်းဟွန်း ထိုနေရာသို့ထွက်လာခဲ့သည်။
သူအမှတ်မမှားလျှင် ထိုနေရာသည် ယုံးဆန်း
ကျောင်းမှ သုံးမှတ်တိုင်ဝေးသည့် ‌ရပ်ကွက်
ကလေးဖြစ်သည်။ သို့သော် ဆောင်းဟွန်းက
ဆောနူ၏ အိမ်ကို တစ်ခါမှ လိုက် မကြည့်ခဲ့
ဖူးတာကြောင့် မသိခဲ့ခြင်းသာ။ အိမ်ကိုရောက်
နိုင်ဖို့ရန် လှေကားထစ်လေးများကို တက်သွား
ရပြီး အိမ်က တော်တော် အမြင့်တွင် ရှိပုံရသည်။

နောက်ဆုံး‌တွင် သွပ်တံခါးအပြာခတ်ထား
သည့် အိမ်ကို ရှာတွေ့လေ၏။ အိမ်လေးက
ကျဉ်းမြောင်းကာ အိုဟောင်းနေပြီဖြစ်ပြီး
လူမနေထားဟန်ပင်ရ၏။

" ဒီမှာ‌ဗျ ၊ လူရှိလား။ အိမ်ရှင်တို့ ! လူရှိ
ပါသလား.."

ဆောင်းဟွန်း သွပ်တံခါးကို တီးကြည့်သော်
လည်း ဘယ်သူမှ ထွက် မလာပေ။ ထို့နောက်
ဘေးအိမ်က အဖွားက သူ့ကို ဆူညံ၍လို့ထင်
သည်၊ မျက် မှောင်ကျုံ့၍ လာကြည့်နေတော့
ဆောင်းဟွန်း အနေရခက်စွာ ပြုံးပြလိုက်၏။

" မင်းက အကြွေးရှင်လား.."

" ဗျာ..? မဟုတ်ပါဘူး.."

ဆိုတော့ အဖွားကြီးက..

" ဒါဆို ဘာလဲ ၊ နေ့တိုင်း လူမိုက်ကတစ်မျိုး ၊
အကြွေးရှင်ကတစ်မျိုးနဲ့မို့လို့ ဆူညံနေတာကို၊
မင်းကရော ဘာလဲ "

ဆောင်းဟွန်းမှာ ခေါင်းကုတ်လိုက်ပြီး..

" အာ.. အဖွား ၊ ဟိုလေ.. ဒီအိမ်က အသက်
၅၀ ဝန်းကျင် ယောက်ျားနေတဲ့အိမ်လား.."

" အင်း.. အရင်ကတော့ မိန်းမနဲ့နေတာ ၊
မကြာသေးခင်ကပဲ ကင်ဆာနဲ့ ဆုံးသွား
တယ်တဲ့၊ အရင့်အရင်ကတော့ ကလေး
တစ်ယောက်နဲ့.. မင်းက ဘယ်သူမို့လို့လဲ "

ကလေး..? ဆောင်းဟွန်း ဆောနူ၏ ဦ‌းလေး
ဟု ခေါ်သံနှင့် ကားပေါ်ကဆင်းတိုင်း ဒဏ်ရာ
တွေကို အုပ်ကာ အိပဲ့အိပဲ့ လမ်းလျှောက်ပြန်
သွားသည့် ဆောနူကို သတိရမိလိုက်၏။

" ကျွန်တော်က.. ဧကန္တ ဒီအိမ်က ကလေးရဲ့
နာမည်ကို သိလားဟင်.."

" ဘာလဲ ၊ ဆောနူ သူငယ်ချင်းလား ??"

When you were in my arms , I was on your shoulder Where stories live. Discover now