14 ✧⁠*⁠。

990 175 18
                                    


" ဒေါက် ဒေါက်"

ဖွင့်ထားပြီးသား တံခါး၏ မျက်နှာပြင်ကို လက်နှင့်ခေါက်ကာ အသံပေးလိုက်တော့ အာရုံလွင့်
ပျယ်သွားပြီး မြူးဇစ်နုတ်တွေ ပြည့်နေသည့်
စခရင်မဟုတ်ဘဲ ဂျောင်ဝန်းကို လှည့်ကြည့်လာတဲ့ ထိုလူ။

ကြည့်ပါဦး။ သူ့ကို မြင်တော့ ပထမဆုံး လုပ်
တာက မျက် မှောင်ကျုံ့တာတဲ့လေ။ ဖြစ်သင့်
ပါတယ်။သူတစ်ဖက်သတ်ချစ်နေရတဲ့လူကို ရည်းစားရသွားအောင် အခန်းထဲ ထည့်ပိတ်
ပေးခဲ့တာ ကိုယ်မှန်းပေါ်သွားတော့လည်း..။

" ဘယ်လိုရောက်လာတာလဲ မမေးတော့ဘူးလား"

စတူဒီယို၏ တံခါးကို လုံအောင် ပြန်ပိတ်လိုက်
တော့ အခန်းက မီးမှိန်မှိန်နှင့်သာ ကျန်ခဲ့၏။

" အဲ့တော့.. ဘယ်လိုရောက်လာတာလဲ "

ဂျေးက အရှေ့ကို ပြန်လှည့်သွားပြီး သူ့ beat တွေကိုသာ ဆက်ပြီး အာရုံစိုက်နေ၏။

" နေ့နေ့ညည စတူဒီယိုထဲမှာပဲ အိပ်လိုက်စားလိုက်လုပ်နေတယ်တဲ့.."

ဂျောင်ဝန်းက မျက် မှန်ကို ပင့်တင်ကာ ဆိုဖာပေါ်
ထိုင်လိုက်တော့ ဂျေးက ခဏရပ်တန့်သွားကာ သူ့
ကို လှည့်ကြည့်လာ၏။

" ဘာ ?"

" အမေက.. "

" မင်း ငါ့အိမ်ရောက်သွားတာလား ?"

ဂျေးက စိတ်ပျက်သည့်လေသံဖြင့် မေးတော့
ဂျောင်ဝန်းက ပုခုံးတွန့်ပြသည်။

" မတတ်နိုင်ဘူးလေ၊ ဂင်ဆောနူကလည်း သူ့ကိစ္စ
နဲ့သူရှုတ်နေပြီး ဆောင်းဟွန်းဟျောင်းကလည်း
ဂင်ဆောနူနောက်ပဲ လိုက်နေတယ်။ ဒီကြားထဲ
ဟျောင်းကလည်း အဆက်အသွယ်ဖြတ်ထား
တော့ ကျွန်တော် ပျင်းလွန်းလို့ သေပြီတောင်
ထင်နေတာ.."

" အခုထိတော့ အသက်ရှင်နေသေးတာပဲ "

" ဟျောင်းကို လာတွေ့ရမှာမို့လို့လေ.. "

တစ်တွတ်တွတ် ပြောတတ်သည့် ဂျေး၏ ပါးစပ်
ပိတ်သွားပြီးနောက် ဆုံလည်ခုံကို စခရင်တွေဆီပြန်လှည့်ကာ ယဉ်ယဉ်ကျေးကျေးနှင်ထုတ်
လေသည်။

" မြန်မြန်ပြန်ပြီး ကျောင်းတက်တော့။ ဒီမှာ မင်း
စိတ်ဝင်စားစရာ ဘာမှမရှိဘူး .."

When you were in my arms , I was on your shoulder Where stories live. Discover now