8 ✧⁠*⁠。

1K 189 15
                                    


မတော်တဆဖြစ်သွားသဖြင့် ပွဲရက်ကို အနောက်
နည်းနည်း ရွှေ့လိုက် မှ ဆောင်းဟွန်းစိတ်အေးရ
သည်။ မဟုတ်လျှင် ဆေးရုံမှာ အနည်းဆုံးတစ်
ရက်တော့ နေရမည်ဖြစ်၍ ဆောနူဖျော်ဖြေတာ
ကို မကြည့်ရဘဲ နေတော့မလို့ပင်။

ဆေးရုံက ဆင်းလာပြီးချိန်တွင်တော့ ဆောင်းဟွန်းက သဲကန္တာရအလယ်က ကုလားအုတ်တစ်
ကောင်လို ခြောက်ကပ်ပူပြင်းသည့် အချိန်
များကို ဖြတ်သန်းနေရသည်။ ကုတင်ပေါ်တွင်
ကန့်လန့်ဖြတ် ပက်လက်လန်နေပြီး ကျောက်
ပတ်တီးကိုင်ထားသည့် လက်အား ရင်ဘတ်ပေါ်
တင်ထား၏။ နက် မှောင်သော ဆံပင်တိုများက
ကမ္ဘာမြေဆွဲအားအတိုင်း ကုတင်အောက်တွင်
တွဲလောင်းကျနေလေသည်။

ဆောင်းဟွန်း စိတ်ထင်လို့ပဲလားတော့ မသိ။
တဒုန်းဒုန်းနှင့် အသံတွေပင် နားထဲကြားနေရ
သလိုလို။

" သားလေး ! သားလေး ! ဆောင်းဟွန်းနား.."

အမှန်မှာ သူထင်ယောင်ထင်မှား ဖြစ်နေခြင်း မဟုတ်ဘဲ အမေဖြစ်သူက အခန်းတံခါးကို
ခေါက်နေတာ ဖြစ်သည်။ တကယ်တော့ သူအခန်း
ကို လော့ချမထားတတ်။ အိမ်ကလူတွေက သူ့အခန်းကိုမဝင်ခင် အမြဲ တံခါးခေါက်တာကြောင့်ဖြစ်သည်။ ဘယ်လောက်အရေးကြီးသည်မသိ ၊
နောက်တော့ သူမက တံခါးကို ဆွဲဖွင့်လိုက်ပြီး
ကုတင်ပေါ်တွင် ဇောက်ထိုးတွဲလောင်းကျနေ
သည့် သားဖြစ်သူကို တွေ့လိုက်ရသည်။

" လာပြီ ! လာပြီ !"

ဆောင်းဟွန်း ကုတင်ပေါ်မှ ကောက်ခါငင်ခါ
ထလိုက်ပြီး ပြူးပြူးပြာပြာနှင့် ပြန်မေး၏။

" ဘယ်သူလဲ !!"

" လာပြီ ! အဲ့ကလေး ၊ အောက် မှာ ရောက်နေပြီ။
တက်လာပြီ တက်လာပြီ.."

" မဖြစ်ဘူး၊ မဖြစ်ဘူး။ မေမေ မြန်မြန်တား.."

ဆောင်းဟွန်း မှာ ပြာပြာသလဲ၊ ရှိတဲ့လက်
တစ်ဖက်တည်းဖြင့် မျက်နှာကျက်ကို ရောက်
အောင် ကုတင်ပေါ်တွင် ခုန်ဆွခုန်ဆွလုပ်နေ
လျက်၊ နံရံပေါ်မှာလည်း ကြိုးနှင့် တစ်သီတစ်
တန်း ဆွဲထားသည်များကို စောင်ဖြင့် အုပ်ချင်
သော်လည်း ဖုံးလေ ပေါ်လေ ဖြစ်နေ၏။

When you were in my arms , I was on your shoulder Where stories live. Discover now