30 ✧⁠*⁠。

1.1K 184 55
                                    


TV setting ရှေ့မှ စားပွဲပေါ်တွင်တင်ထားသည့်
ခေါက်ဖုန်းနှစ်လုံးဟာ တုန်ခါသံ     အပြိုင်ပေး
၍ ရွေ့နေသော်လည်း ပိုင်ရှင်နှစ်ဦးမှာ တစ်ခြား
ကမ္ဘာသို့ရောက်နေပုံရသည်။

ဆောင်းဟွန်း၏ ခေါင်းသည် ဆောနူ၏ ရင်ဘတ်
ပေါ်တွင် ရှိနေ‌ပြီး ဆောနူက ဆိုဖာလက်ရန်းပေါ်
ခေါင်းအုံးလျက်သား ဖြစ်နေကာ မျက်နှာမှာတော့
မအီမသာ ဖြစ်နေဟန် တွေ့ရသည်။

တစ်ဆက်ဆက် မြည်နေသည် ဖုန်းကြောင့်နောက်
ဆုံးတွင်တော့ ဆောင်းဟွန်းနိုးလာခဲ့ပြီ ဖြစ်သည်။
သူ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်ပြီးနောက် သူ့
အခန်းထဲမှာ မဟုတ်ဘဲ TV ရှေ့က ဆိုဖာပေါ်
ရောက်နေသည်ကို တွေ့လိုက်ရသည်။ ထို့နောက်
ခေါင်းထောင်ကြည့်လိုက်တော့ သူ့အောက် မှာ
ရှိနေတဲ့ ဆောနူ။ ဆောနူက မျက်လုံးနှစ်ဖက်ကို
လက်သီးဆုတ်လေးဖြင့် ပွတ်သပ်နေပြီး သူ့ခန္ဓာ
ကိုယ်ကို ရွှေ့ရန် ကြိုးစားနေ၏။

" အား !! ဆော- ဆောနူ.."

ဆောနူမှာ ရင်ဘတ်တစ်ခုလုံးနာနေပြီး ခန္ဓာကိုယ်
ကို မနည်း အားပြု၍ မ နေရ၏။ သူ့ဇက်ကလည်း
အတော်လေး နာနေကာ ‌ဆောင်းဟွန်းမှာတော့
ညက အရာတွေကို recall ပြန်ခေါ်ပြီးနောက်
သူ အိပ်ပျော်သွားမှန်း သိလိုက်ရလေ၏။

နောက်ဆုံးမှာတော့ ဆောနူ ထထိုင်နိုင်သွား
ပြီ ဖြစ်သည်။ ဆောင်းဟွန်းမှာ ထမင်းစား
စားပွဲပေါ်မှ ရေကို အပြေးသွားယူကာ ဆော
နူဆီ ပြန်လာပေးလေ၏။

" ဆော-ဆောနူ ၊ အဆင်ပြေရဲ့လား ။ နာနေ
မှာပဲ.. "

ဆောနူမှာ သူ့ ဇက် ကို သူပွတ်ရင်း ဆောင်းဟွန်း
ပေးလာသည့် ရေကို သဘာဝကျကျလေးယူလိုက်ရင်း မော့သောက်လိုက်ပြီး ဖြေလိုက်လေ
သည်။

" ရပါတယ် .."

" ဆောရီး.. ကိုယ် တောင်မသိလိုက်ဘဲ အိပ်
ပျော်သွားတာ။ နောက်တစ်ခေါက် မဖြစ်စေ
ရပါဘူး.."

" နောက်တစ်ခေါက် ဖြစ်လို့လည်း မရတော့
ဘူး၊ နောက်တစ်ခေါက်ဆို တကယ် သေသွား
မယ်ထင်တယ်.."

အပိုပြောတာ မဟုတ်။ ဆောနူညက အမှန်
တကယ် အီစိမ့်သွားတာ ဖြစ်သည်။ သို့သော်
ဆောင်းဟွန်း နှစ်ရက်ဆက်တိုက် မအိပ်ထား
ရသူမို့ နှိုးလိုက်ရန် ဝန်လေးခဲ့တာက အခုသူ့
ကို တစ်ကိုယ်လုံးကိုက်ခဲသည့် ဝေဒနာကိုပေး
လေ၏။ ဆောင်းဟွန်းက ဆောနူသေသွား
လိမ့်မယ်ဆိုတော့ မျက်နှာငယ်လေးနှင့်..

When you were in my arms , I was on your shoulder Onde histórias criam vida. Descubra agora