26 ✧⁠*⁠。

1.1K 181 40
                                    


ဆောင်းဟွန်း ‌မြက်ခင်းပေါ်တွင် ပြန်လျှောက်
လာရင်း headphone တပ်ရင်း အိပ်နေသည့်
ဆောနူကို အဝေးက လှမ်းကြည့်လိုက်၏။

ထို့နောက် ဆောနူဆီ လျှောက်သွားလိုက်ရင်း
ဖြည်းဖြည်းလေး လှုပ်နှိုးလိုက်၏။ ဆောနူက
မျက်လုံးဖွင့်လာကာ headphone ကိုပြန်ချွတ်
ချလိုက်ရင်း ဆောင်းဟွန်းကို ကြည့်နေလိုက်၏။

" အဲ့တာက၊ ကိုယ် အခု ဒါရိုက်တာဆီသွားပြီး
ခွင့်တောင်းလာတာ။ ဆောနူ နည်းနည်းပင်ပန်း
နေပုံပေါက်လို့ ဒီလောက်နဲ့ ပြန်နားခွင့် ပေးပါ
လားဆိုတော့.. ရတယ်တဲ့။ အဲ့တာ အခုပဲပြန်
ကြမလား.."

ဆောင်းဟွန်းမှာ ဆောနူ မေးခွန်းထပ်မေးလာ
မည်ကို စိုးရိမ်နေ၏။ ထပ်မေးလာရင် သူထပ်
ပြီး လိမ်ရဦးမှာ။ ဒါပေမယ့် ဆောနူက မေးခွန်း
ထပ်မထုတ်ဘဲ အသာတကြည်ခေါင်းညှိမ့်လာ
လေ၏။

ကားပေါ်တွင် ဆောနူ အပြင်ကို ငေးကြည့်နေ
သည်အား ဆောင်းဟွန်း နောက်ကြည့်မှန်မှ
ကြည့်ကာ အကဲခတ်နေလိုက်၏။

ဆောနူ ပြောလိုက်သည်။

" သရုပ်ဆောင်အတန်းက ဆရာမ၊ အခု
ကုမ္ပဏီမှာ ရှိနေလား.."

" အင်း ၊ ဆက်သွယ်ကြည့်လို့တော့ရပါတယ် ။
ဘာဖြစ်လို့လဲ "

" အိမ်မပြန်သေးဘူး။ အခု နည်းနည်း သင်ချင်
တာလေး ရှိလို့။ ခေါ်ပေးလို့ရမလား.."

ဆောင်းဟွန်း အနည်းငယ် အံ့ဩသွား၏။
ဆောနူဘက်က acting lesson ယူရန် ပထမ
ဆုံး စပြောတာ ဖြစ်သောကြောင့်ပင်။

" သိပါပြီ။ ကိုယ် ‌ရအောင် ခေါ်ပေးမယ် "

ထို့နောက် ကုမ္ပဏီရောက်တော့ ဆောနူ ငါးနာရီ
ဆက်တိုက် သရုပ်ဆောင် လေ့ကျင့်နေခဲ့ပြီး ဇာတ်
ညွှန်းကိုလည်း အခေါက်ခေါက် အခါခါဖတ်၏။
မနက်ခင်းပိုင်းတွင် magazine အတွက် photo
သွားရိုက်ပြီး သရုပ်ဆောင်ကိုလည်း ကြိုးစား
လုပ်သည်။ ဤ ရက်ပိုင်း ဆောနူက ဘာဘာညာ
ညာ မလုပ်ချင်ဘူး၊ ဘာဘူး အထွန့်မတက်ဘဲ
အကုန်လုပ်ကာ၊ ညဆိုလျှင် သီချင်းလည်းရေး
၏။ ဂစ်တာတစ်လက်နှင့် တစ်ယောက်တည်း
သံစဉ်ချနေတတ်သည်။

When you were in my arms , I was on your shoulder Where stories live. Discover now