" ဟုတ်ကဲ့.. ဆောနူရှီး။ ကျွန်တော်တို့က အခုအလှည့်မှာတော့ တကယ် စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းလေးတွေယူလာပါတယ်။
ပရိသတ်တွေလည်း သိချင်ကြမယ် ထင်ပါတယ်။
ပြီးခဲ့တဲ့ Solo debut တုန်းက စင်ပေါ်ပြန်မတက်ခင် ပရိသတ်လည်းမဟုတ်တဲ့ဘဲ ဆောနူရဲ့မန်ေနဂျာနင်းမ်ကို ပွေ့ဖက်နှုတ်ဆက်သွားတဲ့ ဗီဒီယို
လေးက အခု SNS ပေါ်မှာ အရမ်းချစ်စရာကောင်းတယ်ဆိုပြီး တုန့်ပြန်ချက်တွေ အများကြီး
ရနေပါတယ်.."" ဟုတ်ကဲ့.."
" တွေ့လိုက်လား.."
" ဟုတ်ကဲ့၊ တွေ့လိုက်ပါတယ်.."
ဆောနူ တုံ့နှေးခြင်းမရှိခေါင်းငြှိမ့်ပြလိုက်သည်။
" အဲ့လို လုပ်ဖြစ်လိုက်တဲ့ အကြောင်းအရင်း
ရှိလားဗျ.."" အာ.. အဲ့တာက.."
ဆောနူ အပြင်ဘက်တွင် မြင်နေရသည့်
ဆောင်းဟွန်းကို မော့ကြည့်လိုက်လေသည်။" တကယ်တော့ ကျွန်တော်တို့ မန်နေဂျာက
မန်နေဂျာသက်သက်ပဲ မဟုတ်ပါဘူး ။ ကျွန်
တော့်အတွက်တော့ အစားထိုးလို့မရတဲ့ မိသား
စုဝင်လို လူမျိုးပါ။ ပြီးတော့ ကျွန်တော်အခက်
ခဲဆုံး ဖြစ်နေတဲ့.. ပြန်လည် တည်ဆောက်ဖို့လို
အပ်နေတဲ့အချိန်မှာ အနားမှာရှိနေပေးခဲ့တဲ့တစ်
ဦးတည်းသော လူပါ။ သိလိုက်လားတော့မသိ
ဘူး.. ကျွန်တော့်ရဲ့ နောက်ဆုံးမိသားစုဝင်က
လည်း လွန်ခဲ့တဲ့ လဝက်လောက်ကမှကွယ်လွန်
သွားတာပါ။ အဲ့တာကြောင့် ကျွန်တော့်မှာ သူ့
အပြင် မရှိတော့လို့ပါ.."" အာ.. အဲ့တာကြောင့် ၊ အရမ်း emotional
ဖြစ်သွားပြီး.."" ဟုတ်ကဲ့ ၊ မှန်ပါတယ် ။ အရမ်း emotional
ဖြစ်သွားပြီး ကျေးဇူးတင်တဲ့ စိတ်နဲ့ပါ.."ဆောနူက စကားကို အဆင်ပြေအောင်
လှည့်ပတ်ဖြေလိုက်ပြီး ဆောင်းဟွန်းကို
ကြည့်ကာ လှမ်းပြုံးပြလေ၏။ ဆောင်း
ဟွန်းမှာ အတွေးနစ်နေတာမို့ ဆောနူကို
တောင် အချိန်မှီပြန် ပြုံးမပြလိုက်နိုင်ပေ။" ဒါဆို.. ကျောင်းနေဖက်တွေဆိုတဲ့ ကောလ
ဟာလကရော အမှန်ပဲလားဗျ ၊ ပုံမှန်ချိန်ဆို
အမြဲ ဆန်းဘေး.. လို့ပဲ ခေါ်တယ်လို့သိရတယ်
နော်.."
YOU ARE READING
When you were in my arms , I was on your shoulder
RomanceWRITTEN IN BURMESE Character introduction kim sunoo : seems like cold-hearted person but have a soft spot on one person he loves park sunghoon : the most straightforward and delicate guy who knows nothing but how to love that person park jay : the m...