6 ✧⁠*⁠。

1.1K 178 15
                                    



" ဂျေးက အမေရိကာနို၊ ဆောနူက matcha၊
ဂျောင်ဝန်းနီးက.. ဗန်နီလာလက်တေးနော်.."

" ကျွန်တော်သွားလိုက်ပါ့မယ်.."

ဆောနူက စားပွဲပေါ်က ထမည်လုပ်တော့ ပတ်
ဆောင်းဟွန်းက အထမခံ။

" ရတယ် ရတယ်၊ အကိုသွားမယ်။ အမေရိကာနို၊
matcha၊လက်တေး.. အိုခေ.."

ကော်ဖီကို လက်ချိုးရေမှတ်ကာ ကော်ဖီကောင်
တာသို့ လျှောက်သွားသည့် ဆောင်းဟွန်းအား
ဂျေးကြည့်နေရင်း ခဏကြာတော့ သူလည်း
ဖင်မကြွဘဲ မနေနိုင်တော့ချေ။

" လိုက်သွားကြည့်လိုက်ဦးမယ်.."

" ဂျေးဟျောင်း.. သူအရွယ်ရောက်နေပါပြီ ၊
ကော်ဖီတော့ မှာတတ်ပါတယ်.."

ဂျောင်ဝန်းက မလိုအပ်တာတွေ လုပ်နေသည်ကို
အမြင်ကပ်နေသည့် သဘောဖြင့် ဆူပုတ်ပုတ်
ပြောပေမယ့် အကြီးကို ပြောရကောင်းလားဆိုပြီး
ဂျေးက စိတ်ဆိုးနေဖို့ အချိန်မရှိပေ။ ကလေးတွေ
က ဘာမှနားမလည်ဘူးလေ။ သူ့မျက်နှာပေါ်က
အပြုံးက ပျောက်ကွယ်မသွားဘဲ ဆောင်းဟွန်း
နောက်ကို လိုက်သွားလေသည်။

ဂျေးက ဆောင်းဟွန်း၏ ပုခုံးပေါ် လက်တင်လိုက်
ရင်း နှစ်ဦးသား ကောင်တာရှေ့တွင် မီနူးပြန်ကြည့်နေသည်ကို ဆောနူမြင်၏။ ဆောင်းဟွန်းက ဂျေးထက်အရပ်မြင့်ကာ ကျန်းမာသည့် လူငယ်လေးတစ်ယောက်အနေနှင့် တောင့်တင်း
သည့် ခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိတာတောင် ဂျေး၏
ကလေးလို ဆက်ဆံခြင်းကို ခံရသည်။

‌အရာရာကို ရှင်းရှင်းလေးသာ ကြည့်တတ်သည့်
ဆောင်းဟွန်း အနေဖြင့် ထိုမမြင်နိုင်သည့် ကြိုး
တွေက ရှုတ်ထွေးနေမှန်း သိချင်မှ သိမည်။ သူက
ဒီလိုပဲ ဂျေးရဲ့ ဦးစားပေး ဂရုစိုက် မှုတစ်ချို့ကို
သူငယ်ချင်းအနေနဲ့ ရိုးရိုးသားသား လက်ခံနေပုံ
ရသည်။ ဆောနူ၏ မျက်ခုံးလေးက အနည်းငယ်
ကျုံ့သွားပြီး လက်ထဲက မဂ္ဂဇင်းစာအုပ်ကိုသာ
လှန်နေမိသည်။

သေချာတာပေါ့။ မွေးကတည်းက အကုန်သိပြီး
မွေးလာတဲ့ ယန်းဂျောင်ဝန်းမှာ လွတ်သွားတဲ့
သင်ခန်းစာ၊ မသိလိုက်ရတဲ့ အခိုက်အတန့်ဆိုတာ
မျိုး မရှိချေ။ သူက သူ့ပုံစံအတိုင်း နားထင်ကို
လက်ထောက်လျက် ဆောနူကို ‌ချစ်စရာကောင်း
စွာ ပေတေတေနှင့် ကြည့်လာ၏။

When you were in my arms , I was on your shoulder Where stories live. Discover now