19 ✧⁠*⁠。

972 181 28
                                    


ဂျောင်ဝန်းက ဆောနူကို သူ့အိမ်သို့ခေါ်လာ
ပေးသည်။ မီးခလုတ်တွေဖွင့်လိုက်ရင်း
ဘယ်သူမှ အသုံးမပြုရသေးသည့် အခန်း
တစ်ခန်းကို ဆောနူအတွက် ညွှန်ပေးသည်။

" ငါ ခဏပဲနေမှာပါ "

" ခဏနေနေ၊ ကြာကြာ နေနေ "

ဂျောင်ဝန်းက စိတ်မဝင်စားသလို ပြောပြီး
ထွက်သွားပေမယ့် သေချာပါတယ်၊ ဆောနူ
အတွက် ဂျောင်ဝန်းအများကြီး လုပ်ပေးထား
တယ်ဆိုတာ။ သူ့ကို ရဲစခန်းက ထပ်ရစ်လို့မရ
အောင် သူ့အဖေနာမည်ကိုပါ ယူသုံးခဲ့ပုံရသည်။

" ကျေးဇူးပဲ "

ဆောနူ အော်ပြောလိုက်ပေမယ့် ဂျောင်ဝန်းက
လှည့်မကြည့်တော့ချေ။ ရက်အနည်းလောက်
သေချာမအိပ်ရသေးသဖြင့် အိပ်ရာကောင်း
ကောင်းကိုမြင်တော့ ဟန်တောင်မဆောင်နိုင်
အောင် ပစ်လှဲချလိုက်သည်။ အထုတ်တော့
မဖြည်ပါ၊ ဂျောင်ဝန်းက လက်ခံထားရင်တောင်
မှ ဆောနူက အကြာကြီး ကပ်တွယ်မနေချင်ပေ။
သူ့မျက်နှာနှင့် တောင်ကိုရီးယားရဲ့ ဘယ်နေရာ
မှာ စိတ်အေးသက်သာ အလုပ်လုပ်နိုင်မလဲဟု
တွေးနေရင်း ခရီးဆောင်အိတ်ကို ထဖွင့်ကာ
အဖြူရောင် ခွေးရုပ်လေးအား ထုတ်လိုက်၏။

ဆောနူ ကုတင်ပေါ်တွင် တစောင်းလေးလှဲ
လိုက်ရင်း လက်ပိုက်ကာ သူ့ရှေ့မှ အရုပ်
ကလေးကို ကြည့်နေ၏။ အရုပ်လေးက
စတွေ့ခဲ့တုန်းကလောက် ဖြူစွတ်မနေတော့
သော်လည်း သေချာလေး ထိန်းသိမ်းထား
သဖြင့် ပျက်စီးမှုမရှိသေးချေ။

" ကျွန်တော် ခင်ဗျားအပေါ် မတရားလုပ်ခဲ့လို့
ကောင်းကင်ဘုံက ဒဏ်ခတ်တာများလား.."

အရုပ်လေးက သူ့ကိုပြန်မဖြေပါ။

" အနှစ်နှစ် အလလ ကြိုးစားပြီး အရာအားလုံး
စွန့်လွှတ်ခဲ့တာကို.. အခု ကျွန်တော်ဘာဆက်လုပ်
ရမလဲ မသိတော့ဘူး.."

ဆောနူ အရုပ်လေးကို ဆွဲပိုက်လိုက်ရင်း
ခန္ဓာကိုယ်လေးကို ပုစွန်လေးတစ်ကောင်
လိုကွေးထားလိုက်သည်။ တကယ် ပုစွန်
လေးဖြစ်သွားရင်လည်း ကောင်းမယ်။
ဘယ်သူမှ မသိအောင် ဟိုးပင်လယ်နက်
ထဲထိ သူကူးခတ်သွားလို့ရကောင်းရဲ့။

When you were in my arms , I was on your shoulder Where stories live. Discover now