13 ✧⁠*⁠。

927 169 12
                                    

" မင်္ဂလာပါ၊ ဒေါ်လေး.. ဦးလေး "

အိမ်တံခါးဝတွင်ရပ်ရင်း ဆောနူနှုတ်ဆက်လိုက်
ပြီး ဘေးချင်းယှဉ်ရပ်နေသည့် ဆောင်းဟွန်းကို
မော့ကြည့်တော့ ထိုသူက အဆင်ပြေပါတယ်ဆို
သည့်အပြုံးဖြင့် ပြုံးပြလေ၏။

" အမလေး၊ ဘာကို ဒေါ်လေးလဲ၊ ဒီတိုင်း ဆောင်း
ဟွန်းခေါ်သလို အမေ လို့ပဲ ခေါ် "

ဆောင်းဟွန်း၏ မေမေရော ဖေဖေရောက ဆောနူ
ကို လက်ခံပေးပြီး အလွန်သဘောကောင်း၏။
မေမေ့ စကားကြောင့် ဆောနူ၏ မျက်နှာလေးက စိတ်သက်သာရာ ရသွားတာကို ကြည့်ရင်း ရင်ထဲ
မှာ ဖြစ်ပေါ်လာသည့် နူးညံ့မှုကို ဆောင်းဟွန်းမ
ဖော်ပြနိုင်ချေ။

အသံကျယ်ကျယ်နှင့် ဖော်ရွေသည့် မေမေ့လက်
မောင်းကြားထဲ တောင့်တောင့်လေးပါသွားသည့်
ဆောနူကို ကြည့်ကာ ရယ်လိုက် မိသည်။ မေမေ
ကတော့ ရောက်တာနှင့် ကျွေးမယ်မွေးမယ်ဆို
တာပဲ။ မိဘတွေအကြောင်းမသိရသေးသော်လည်း ဆောနူက တစ်ယောက်တည်းနေရ
တယ်ဆိုသည့်အချက်နှင့်တင် အိမ်ထမင်းအိမ်
ဟင်း စားရရှာမှာ မဟုတ်ဘူးဆိုကာ ကြိုကရုဏာ
သက်နေသေးတာ။

ဆောင်းဟွန်း မေမေ့လက်ထဲမှ ဆောနူကို ပြန်ဆွဲ
ခေါ်လိုက်ပြီး..

" သားတို့ ထမင်းစားချိန်တော့ ကျိန်းသေပြန်
ဆင်းလာမှာပါနော်၊ အခုတော့ သားခေါ်သွားတော့
မယ်.."

" အေးပါ၊ အေးပါ.. နှစ်ယောက်သား ကောင်း
ကောင်းနားကြ "

ဆောနူလက်ကို ဆွဲကာ အိမ်ပေါ်တက်သွားသည့်
ဆောင်းဟွန်းကို ကြည့်ရင်း အမေဖြစ်သူက
သတင်းစာဖတ်နေသည့် အဖေဖြစ်သူကိုပြော
လိုက်၏။

" ရှင့်သား.. အခုတလော ပိုသွက်ပြီး ပိုလန်းလန်း
ဆန်းဆန်း ရှိလာတယ် မထင်ဘူးလား.. ရည်းစား
မရခင်ကထိ မပွင့်မလင်း၊ မထုံတတေးနဲ့၊ အခု
တော့ သူမဟုတ်တဲ့အတိုင်းပဲ "

သားဖြစ်သူ၏ ပြောင်းလဲမှုကို သဘောတကျဖြင့်
ပန်းကန်တွေပြင်ရင်း ရယ်လျှင် ခင်ပွန်းသည်က
သတင်းစာကို နောက်တစ်ရွက်လှန်ကာ ၊ နှုတ်ခမ်း
များက ပြုံးနေလျက်။

" အချစ်နဲ့ထိတွေ့တဲ့အရွယ်က ဘဝရဲ့ အတောက်ပဆုံး အချိန်ပဲလေ။ အခုက သူ့ရဲ့
အတောက်ပဆုံး အချိန်ဖြစ်မှာပေါ့.."

When you were in my arms , I was on your shoulder Where stories live. Discover now