" ဆောနူရှီး.. ဆောနူရှီး.. နားလည်ရဲ့လား.."
ဆောနူ စိတ်လွတ်နေရာမှ အရှေ့က ဆရာမ
၏ ခုံခေါက်ကာ ခေါ်လိုက်သည့်အသံကြောင့်
ပုံမှန်အခြေအနေကို ပြန်ရောက်လာရသည်။" ဟုတ်ကဲ့၊ အဆင်ပြေပါတယ်.."
" concept နဲ့ album အကြောင်းကို အရင်က
လည်း ကျက်ဖူးတယ်မလား ၊ အရှေ့ကနေ
မော်နီတာနဲ့လည်း ပြပေးပေမယ့် ၊ ကျွန်မတို့
ကတော့ အလွတ်မှတ်တာကို ပိုသဘောကျပါ
တယ်.."" ဟုတ်ကဲ့ ၊ အရင်ကတည်းက အကုန်အလွတ်
ပြောတာပါ ၊ team မှာ ခေါင်းဆောင်မို့လို့.."ဇာတ်ညွှန်းဆရာမနှင့် concept ကို ဆွေးနွေး
ပြီး အကလေ့ကျင့်ရန် practice room ထဲပြန်
ဝင်လာ၏။ ပုံမှန်ဆို ဒီလိုအချိန် " မောနေပြီ
လား " ၊ " ကော်ဖီသောက် မလား.." ဆိုပြီးတစ်ခု
မဟုတ် တစ်ခုနှင့်ပေါ်လာတတ်သော်လည်းယခု
မှာ ပျောက်ချက်သားကောင်းနေ၏။" ဆောနူရှီး ၊ တစ်ခုခုရှာနေတာလား.."
ဟိုကြည့် ဒီကြည့်လုပ်နေသည်ကို ကင်မရာမန်း
ကဖမ်းမိသွားပုံရသည်။ ဆောနူ ခေါင်းကိုအသာ
လေး ညှိမ့်၍ ပြောလိုက်၏။" ဟုတ်ကဲ့ ၊ ကျွန်တော့်မန်နေဂျာကိုရှာနေ
တာပါ.."" မန်နေဂျာပတ်လား ? "
" စီနီယာဆောင်းဟွန်းက ဒီနေ့ သူ့ကလေးတွေ
လေဆိပ်ဆင်းတဲ့နေ့မို့လို့ သွားပို့ပေးတယ်
ရော်.."ဆောနူ မျက် မှောင်ကျုံ့ သွားသည်။
" ကလေးတွေ ? ဘယ်သူတွေလဲ "
" ဪ ! ဆောနူနဲ့ဆို ဂျူနီယာလေးတွေပေါ့၊
ဆောနူ မရောက်ခင် စီနီယာဆောင်းဟွန်းတာ
ဝန်ယူပေးထားတဲ့ ကလေးတွေပါ.. မပြောသွား
ဘူးလား..?"ဆောနူ၏ လက်ထဲမှ ရေဘူးအလွတ်ဟာ
တစ်စုံတစ်ယောက်၏ လက်အားကြောင့်
တွန့်ရှုံ့သွားကာ ရေဘူးအဖုံးလေးက ကြမ်း
ပြင်ပေါ် ဂျွမ်းထိုးမှောက်ခုံပြုတ်ကျလျက်
တစ်ခွက်ခွက်နှင့် အသံပေးနေတော့၏။
ဆောနူ၏ မျက်နှာမှာ ပုံမှန်ထက်ပိုတည်
နေကာ တည်ငြိမ်သည့်အသံဖြင့် ပြန်ဖြေ
လိုက်လေ၏။" ဟုတ်ပါရဲ့၊ မပြောသွားဘူးပဲ..."
ෆ
ကလေးတွေကို ကုမ္ပဏီကို ပြန်ခေါ်လာပေး
ပြီး ဆောင်းဟွန်း လစ်ထွက်တော့မည်ကြံနေ
စဉ် တစ်ယောက်က သူ့လက် မောင်းကိုလာ
ဆွဲ၏။
YOU ARE READING
When you were in my arms , I was on your shoulder
RomanceWRITTEN IN BURMESE Character introduction kim sunoo : seems like cold-hearted person but have a soft spot on one person he loves park sunghoon : the most straightforward and delicate guy who knows nothing but how to love that person park jay : the m...