33 ✧⁠*⁠。

1.3K 193 76
                                    

ငြိမ်သက်နေသည့် အိမ်ကလေးအတွင်း
password နှိပ်သံတစ်တီတီ ပျံ့လွင့်သွားပြီး
နောက် တံခါးဖွင့်လိုက်သဖြင့် အပြင်ဘက်
မှ အလင်းရောင်က ချည်းနင်းဝင်ရောက်လာ
လေသည်။ တံခါးဝတွင် ဆောင်းဟွန်းဆောနူ
ကို တွဲခေါ်ပြီး တံခါးပိတ်လိုက်လေ၏။

" ဆောနူ~ အိမ်ရောက်ပြီ.."

ဆောနူမှာ ဂျေးနှင့် ပြန်လာပြီးသည့်နောက်
တော်တော် သောက်လိုက်သဖြင့် သူ့ကိုယ်သူ
ပင် မနိုင်တော့ချေ။ ဆောင်းဟွန်း သူတို့ရဲ့
အိတ်တွေကို TV ရှေ့မှ ဆိုဖာပေါ် ပစ်တင်
လိုက်ရင်း.. ဆောနူကို သယ်၍ အခန်းထဲ
ခေါ်သွားလိုက်သည်။

ခေါင်းအောက်တွင် ခေါင်းအုံးကိုသေချာ
ခံပေးလိုက်ပြီးနောက် ဆောနူက ကုတ်အင်္ကျီ
နှင့် လေးပင်သည့် အဝတ်အစားများကြား
တွင် မြုပ်နေချေ၏။ ဆောင်းဟွန်း ကုတင်ဘေး
တွင် ထိုင်နေရင်းမှ ဆောနူ၏ ခြေထောက်ဖက်
ကို မျက်နှာချင်းဆိုင်လိုက်ကာ ခြေသလုံးလေး
ကို မြှောက်၍ ဖိနပ်ကို ဆွဲချွတ်ပေးလိုက်သည်။

အိပ်ရာ ခေါင်းရင်းဘေးမှ မီးအိမ်ကိုခလုတ်
ဖွင့်လိုက်ပြီးနောက် ဆောနူ၏ မျက်နှာလေး
က မီးရောင်အောက်တွင် ဝင်းဝါစွာ ပေါ်ပေါက်
လာလေ၏။

" ဂျာကင်ကြီးနဲ့.. နေရကျဉ်းကြပ်မှာပဲ.."

ပါးစပ်က ပြောရင်း ဆောင်းဟွန်း ဆောနူကို
အပေါ်ထပ် ချွတ်ပေးရန် ကြိုးစားလေ၏။
ဆောနူက အိပ်ပျော်နေတာမျိုးမ ဟုတ်ချေ၊
မျက်လုံးတွေ မှိတ်ထားပေမယ့် ၊ အာရုံတွေ
နောက်ကျိနေပေမယ့် သူ့ဘေးမှာ ဆောင်း
ဟွန်း ရှိနေမှန်းသိသည်။ ပြီးတော့ အခုဆောင်း
ဟွန်းက သူ့ကို အင်္ကျီကူချွတ်ပေးနေသေး
သည်။  ဆောနူ သူ့မျက်လုံးကို ကြိုးစားဖွင့်
ကြည့်လိုက်တော့ ဆောင်းဟွန်းက သူ့အင်္ကျီ
ကို ချိတ်နှင့် ချိတ်နေလေ၏။

" ဆန်း..ဘေး.."

ဆောင်းဟွန်းက သူ့ခေါ်သံကြားတော့ ကုတင်
ဘေးကို ပြန်လျှောက်လာသည်။ ထို့နောက်
ကြမ်းပြင်တွင် ဒူးတစ်ဖက်ထောက်လိုက်ရင်း
ဆောနူနှင့် မျက်နှာချင်းဆိုင်လိုက်၏။

" အင်း.. ဆောနူ နိုးပြီလား ၊ ရေသောက်
မလား.."

ဆောနူ ခေါင်းခါ၏။ ဆောင်းဟွန်း၏ လက်
ကောက်ဝတ်ကို ဆွဲလိုက်ပြီး သူ့ဘေးကိုလက်
ကလေးနှင့် ပုတ်ပြ၏။ ဆောနူကတော့ဝင်
အိပ်စေချင်တာ ၊ သို့ပေမယ့် ဆောင်းဟွန်း
က ကုတင်ပေါ်တွင်သာ ဝင်ထိုင်လိုက်ပြီး
လေသံအေးအေးလေးနှင့် ရှင်းပြ၏။

When you were in my arms , I was on your shoulder Where stories live. Discover now