Extra I

1.7K 169 53
                                    


ဆောင်းဟွန်း ဆိုင်တံခါးကို သော့ခတ်လိုက်ပြီး
နောက် သူ့နောက်တွင် စောင့်ဆိုင်းနေသည့် ဆော
နူဆီ မျက်နှာချင်းဆိုင်လိုက်သည်။ ဆိုင်ဖွင့်မလို့
လာခဲ့ပေမယ့် ဆောနူရောက်လာတာကြောင့်
အိမ်ကို ခေါ်သွားရမည် မဟုတ်ပါလား။ ဆောနူ
က ကျောပိုးအိတ်ကို လွယ်ထားရင်း သူ့ကိုစိတ်
ရှည်ရှည်နှင့် စောင့်နေ၏။ ဆောင်းဟွန်း ဆောနူ
ကို ပြုံးပြလိုက်ကာ မြေကြီးတွင်ချထားသည့်
အိတ်ကို ကောက်ဆွဲလိုက်ရင်း လက်တစ်ဖက်ကို
ဆောနူရှေ့သို့ ကမ်းပေးလိုက်လျှင် ဆောနူလည်း
ပြုံးလျက် သူ့လက်ကို ပြန်ဆွဲကိုင်လာသည်။

ဤသို့နှင့် နေမထွက်ခင် အချိန်လေးတွင် လူရှင်း
နေသော လမ်းမပေါ်၌  နှစ်ဦးသား လက်ချင်းဆုတ်ကိုင်ကာ ဖြည်းဖြည်းချင်းလျှောက်သွားလိုက်ကြသည်။

ဆောနူတို့ ခြံလေးက လမ်းမနှင့် အနည်းငယ်
ဝေးသည့် ရပ်ကွက်တွင်ဖြစ်ကာ အိမ်ကလည်း
တစ်ထပ်သာရှိ၏။ ဆောင်းဟွန်း ခြံတံခါးကိုဖွင့်
လိုက်ပြီး ဆောနူကို ဝင်စေသည်။ အိမ်ရှေ့တွင်
မြက်ခင်းရှိသည်။ ဒန်းရှိသည်။ ခြံစည်းရိုးနား
ကပ်ထားသည့် စက်ဘီးနှစ်စီးကိုလည်းတွေ့ရ
၏။

ဆောနူက ခြံလေးကို အသေးစိတ်ကအစအကုန် လိုက်အကဲခတ်နေစဉ် ဆောင်းဟွန်းမှာရှေ့က ဦးဆောင်လျက် အိမ်တံခါးကိုဖွင့်လိုက်သည်။

" ဆောနူ.. ဝင်လာခဲ့လေ.."

အိမ်လေးက အညိုရောင် အများဆုံးသုံးထားသည်။ ပရိဘောဂတွေက အစ အရောင်ငြိမ်
ငြိမ်လေးတွေနှင့် ဆောင်းဟွန်းအတိုင်း ရိုးရိုးရှင်း
ရှင်းလေးပါပင်။ ဆောင်းဟွန်းက ဆောနူ၏ ပုခုံး
ပေါ်က ကျောပိုးအိတ်ကြိုးကို အနောက် မှချွတ်
ပေး၏။ ထိုအခါမှ ဆောနူလည်း လွယ်အိတ်ချွတ်
ဖို့ သတိရသည်။

" ဆောနူ.. ဒီမှာ.."

ဆောင်းဟွန်းက ကျောပိုးအိတ်ကို သယ်ကာအခန်း တစ်ခုဆီသို့ ဝင်သွားတာကြောင့် ဆောနူ
လည်း လိုက်ဝင်လိုက်လေသည်။ အခန်းသည်
အိမ်၏ အကြီးဆုံးအခန်း ဖြစ်ပုံရပြီး ကုတင်က
queen size ဖြစ်ရမည်။ ကုတင်ခေါင်းရင်း
တွင် ခန်းစည်းအဖြူရောင် နှစ်ခုက တစ်ဖက်စီ
ချိတ်ဆွဲထားပြီး အလယ်တွင်စုဆုံသွား၏။ ခန်း
စည်းနောက်တွင်တော့ မှန်နံရံဖြစ်ပြီး ထိုမှတစ်
ဆင့် မြက်ခင်းစိမ်းနှင့် ရေကူးကန်ကို မြင်ရလေ
သည်။

When you were in my arms , I was on your shoulder Where stories live. Discover now