11 ✧⁠*⁠。

944 179 17
                                    

"ဘန်း"

တံခါးဆွဲဖွင့်လိုက်ပြီးနောက် ထောင့်မှန်စတုဂံပုံစံ
နေရိပ်သည် အခန်းကြမ်းပြင်သို့ ကျရောက်သွား
ပြီး အခန်း၏ထောင့်တစ်ခုစီတိုင်းအား တမဟုတ်
ချင်း အလင်းပေးလာသည်။

ဆောင်းဟွန်း၏ မျက်ခုံးလေးများ အနည်းငယ်
တွန့်သွားပြီးနောက် ဆိုဖာပေါ်မှီထားသောခေါင်း
ကို ထောင်ကြည့်လိုက်သောအခါ တံခါးပေါက်
တွင် သူတို့အား ဆွံ့အစွာကြည့်နေသော ဂျေး၏
မျက်နှာကို တွေ့လိုက်ရလေသည်။

ဆောနူက ဆောင်းဟွန်း၏ ပေါင်ပေါ်တွင် ခေါင်း
အုံးလျက် ဆိုဖာအဆုံးတွင် မဆန့်တော့သော
ခြေထောက်က လေတွင်တွဲကျနေသည်။ ဆောင်း
ဟွန်းလည်း ဆောနူကို နေရာပြောင်းပေးပြီးနောက် ဆက်၍ ထိုင်လျက်ပင်အိပ်ပျော်သွားခဲ့
ရာ မည်သည့်အချိန်တွင် သူတို့၏ လက် များက
အနွေးဓာတ်ကို လိုက်ရှာခဲ့သည် မသိပါ။ ဆောနူ
၏ ရင်ဘတ်ပေါ်တွင် တင်ထားသော လက်နှင့်
သူ့ရဲ့ ဘယ်ဘက်လက်ဟာ တွယ်ချိတ်လျက်
နှစ်ဦးသား အိပ်ပျော်နေခဲ့တာပင်။

" ဂျေးရား.."

" အင်း.."

ထိုခဏတွင်ပင် ဆောနူလည်း နိုးလာကာ သူ့ကိုယ်သူ ဆောင်းဟွန်း၏ ပေါင်ပေါ်ရှိနေမှန်း
သိသည်နှင့် ဆက်ခနဲထထိုင်လိုက်ရာ ရင်ဘတ်
ပေါ်မှ ခြုံထားသော အင်္ကျီအကွက်လေးက ပြုတ်
ကျသွား၏။

" ဆောရီး ဆောင်းဟွန်း ၊ ငါ မနေ့က သတိလက်
လွတ်ဖြစ်သွားတယ်.."

ဂျေး က မနေ့ညကတည်းက ဆောင်းဟွန်းကို
မရှာနိုင်ခဲ့၍ စိတ်မကောင်းဖြစ်စွာပြောလိုက်
သည်။ အမှန်တွင် မနေ့ညက ကျောင်းဝန်းတစ်
ဝိုက် ဂျေး အတတ်နိုင်ဆုံး လိုက်ရှာခဲ့ပြီး မတွေ့
သည့်အဆုံးမှာ ဆောင်းဟွန်းနှင့်ဆောနူက တမင်
ရည်ရွယ်ချက်ရှိရှိနှင့် ထွက်သွားသလားဟုပင်
သံသရ ဝင်မိသေးသည်။ ယခုလို အခန်းတစ်ခန်း
ထဲ၌ ပိတ်မိနေမည်ဟု မထင်ထားမိခဲ့။

" မင်းအမှားမှ မဟုတ်တာ၊ ဘာလို့တောင်းပန်
နေတာလဲ.."

ဆောနူက နေရာမှထကာ အပြင်သို့အရင်ထွက်
လိုက်သည်။ တစ်ညလုံး အမှောင်ထဲအသားကျ
နေသည့် သူ့မျက်လုံးများက အနည်းငယ်ကျိန်း
သွားပြီးနောက် အပြစ်ကင်းစင်စွာ ရပ်နေသည့်
ယန်းဂျောင်ဝန်းကို တွေ့လိုက်လေသည်။

When you were in my arms , I was on your shoulder Where stories live. Discover now