7 ✧⁠*⁠。

1K 183 11
                                    


ကျောင်းရင်ပြင်၏ stage စင်ပေါ်တွင် အနုပညာ
မေဂျာပေါင်းစုံမှ လူများ ဟိုဟိုဒီဒီပြန့်ကျဲလျက်
အလုပ်ရှုတ်နေကြသည်။ ယန်းဂျောင်ဝန်းဘာလို့ ဒီနေရာမှာလာထိုင်နေမိမှန်း သူ့ကိုယ်သူမသိ ၊ ကျိန်းသေပေါက် အတိတ်ကသူဟာ လူရှုတ်တဲ့ နေရာတွေကို သည်းမခံနိုင်ခဲ့ပေ။

ဆက်တိုက် theatre ထဲမှာ လေ့ကျင့်ခဲ့ကြပေ
မယ့် တကယ့်ပွဲကတော့ ဂျင်ဆောင်းတက္ကသိုလ်
၏ ကျယ်ပြောလှသော မြက်ခင်းပြင်တွင် stage
အကြီးကြီးနှင့် ကျင်းပမှာဖြစ်သည်။ အမိုးမရှိသော နေရာဖြင့်၍ နေ့ဘက်ဆို ကောင်းကင်
ပြာကိုတွေ့နိုင်ပြီး ညဆိုလျှင် ကြယ်ကလေးများ
ကို မြင်နိုင်လေသည်။ ယခုတော့ နေဝင်ဆည်း
ဆာချိန် ဖြစ်ပြီး လူအများက သူတို့ stage အတွက် လိုအပ်သည့် စက်ပစ္စည်းများကို ပြင်ဆင်နေလေသည်။

ဂျောင်ဝန်းကတော့ လူကြည့်ခုံ‌မှာပေါ့။ ‌ဘေးနား
က ကျောင်းသူနှစ်ယောက်၏ စကားများကိုကြား
နေရ၏။

" အဲ့ အသားဖြူဖြူနဲ့ တစ်ယောက်က ဘယ်
မေဂျာကလဲ.."

" အာ.. အဲ့တာ စီနီယာဂျေးရဲ့ သူငယ်ချင်းလေ၊
management အတန်းမှာ တစ်ခါတွေ့ဖူးတယ်။
အနုပညာတန်း‌မှာတော့ မတွေ့ဖူးဘူး.."

" အဲ့တာနဲ့ ဒီမှာ ဘာလာလုပ်နေတာလဲ..."

" မသိဘူးလေ၊ စီနီယာဂျေးကို လာကူတာ
နေမှာပေါ့.."

ယန်းဂျောင်ဝန်းမျက်နှာမှာ ရယ်တယ်လည်းမဟုတ်၊ တည်တယ်လည်းမဟုတ်။ ထုံးစံအတိုင်း
ဆူပုတ်ပုတ်လေးတင် စင်ပေါ်တွင် ဒရမ်ဆင်နေ
သော ဂျေးကို ကြည့်နေလိုက်သည်။

စင်အကျယ်ကြီးပေါ်တွင် လှေကားအရှည်ကြီးနှင့်
မီးဆိုင်းစင်နေသည့် အလုပ်သမားများအပြင်
နောက်တွင် LED ကို ချိန်ဆနေသူများလည်းရှိ၏။

" rehearsal.. နောက်တစ်ဖွဲ့.. "

ဂျေးက ပွဲစီစဉ်သူ ကျောင်းသားဘေးကိုသွား၍
သူတို့အဖွဲ့၏ အစီအစဉ်တွေကို ရှင်းပြနေ၏။

rehearsal ခေါ်လိုက်သည်နှင့် dancer များတက်လာပြီး ထိုင်ခုံအလွတ်တွေကြား ဟိုတစ်
ကွက် ဒီတစ်ကွက် အုပ်စုများက အော်ဟစ်အား
ပေးကြလေသည်။ ဂျောင်ဝန်းက နားကို ကလော်
လိုက်ပြီး အော်နေတဲ့လူတွေကို စောင်ပေပေနှင့်
ကြည့်လိုက်၏။

When you were in my arms , I was on your shoulder Where stories live. Discover now