4 ✧⁠*⁠。

1.1K 201 19
                                    

၂၀၁၆ ခုနှစ်။

" မကြာခင် မိတ်ဆက်ပွဲ စတင်တော့မှာ ဖြစ်တဲ့
အတွက် စီနီယာ ဂျူနီယာကျောင်းသားများ
အမြန်ဆုံးနေရာယူပေးကြပါ ခင်ဗျာ.."

ကျောင်းသားများကြားထဲ ခဲရောင်ဆံပင်၊ အသား
ညိုညိုနှင့် ခပ်မိုက်မိုက်အဝတ်အစားကိုဝတ်ဆင်
ထားသည့် ကျောင်းသားမှာ အလွန်ထင်ပေါ်နေပြီး
သူ့ရှေ့က ခေါက်တုံ့ခေါက်ပြန် သွားလာနေသည့်
ကျောင်းသားများက တစ်ယောက် မကျန်နှုတ်
ဆက်သွားကြလေသည်။

" စီနီယာဂျေး "

" စီနီယာဂျေး "

ဂျုံဆောင်းက အားလုံးကို ရယ်ကာ လက်ပြလိုက်
ပြီး တစ်ခဏအတွင်းပင် သူ့မျက်နှာက ပြန်တည်
သွားကာ ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းကိုထုတ်
လိုက်သည်။ ထိုင်ခုံတန်းများက ပြည့်နေသော်
လည်း စီနီယာဂျေးဘေးနားက ခုံက လွတ်နေတာ
ကိုတော့ လူတိုင်း သတိထားမိလောက် မှာပင်။

ဂျုံဆောင်းဖုန်းကို နားနှင့်ကပ်လိုက်ပြီး တစ်ဖက်
လူကို ပြောဆိုနေသည်မှာ ခုဏက စီနီယာဂျေး၏
ပုံရိပ်ကို ဖျက်ဆီးလိုက်သလိုပင်။

" ဆောင်းဟွန်း ! မလာသေးဘူးလား။ ဒီနေ့က အရေးကြီးတယ်လို့ အတန်တန်မှာထားတာကို"

အရမ်းကိုမှ နားပူနားဆာလုပ်တတ်သည့် ဂျုံဆောင်းကြောင့် ဆောင်းဟွန်းဖုန်းကို နားမှခွာ
လိုက်ရင်း ‌အခုလာနေပြီ ဖြစ်ကြောင်းပြောလိုက်
သည်။ ကျောင်းသားတွေ နောက်ကျသည့်အခါ
တိုင်း ဖြစ်လေ့ဖြစ်ထရှိသည့် တစ်ခုတည်းသော
အကြောင်းပြချက်။

" အအိပ်လွန်ခြင်း "

ဆောင်းဟွန်းက တတိယနှစ်ရောက်ပြီ။ ဂျင်ဆောင်းတက္ကသိုလ် ဝင်ခွင့်ထွက်ကတည်းက
သူ့မျက်နှာ ကွန်ပျူတာနဲ့ကပ်တဲ့ထိ မေဂျာတိုင်း
ပိုက်စိတ်တိုက် လိုက်ရှာခဲ့တာ။ နာမည်တစ်ခု
တည်းကို။

ဂင်ဆောနူ။

ဂီတနှင့်အနုသုခုမ မေဂျာတွင် ကွက်ကွက်ထင်ထင်ပါနေသည့် နာမည်။ တောင်ကိုရီးယား ဆိုးလ်
မြို့တွင် ဂင်ဆောနူနာမည်နှင့်ဂီတမေဂျာကိုပဲ
လာမည်ဆိုသည့်သူ ဘယ်နှစ်ယောက်ရှိလောက်
မည်နည်း။

When you were in my arms , I was on your shoulder Where stories live. Discover now