39 ✧⁠*⁠。

1.3K 181 48
                                    

၂၀၂၇ ခုနှစ်။ ဧပရယ်။

ပြောစမှတ်တွင်လောက်သော အိုက်ဒေါဆောနူ
နှင့် သူ၏ မန်နေဂျာ ဆက်ဆံရေးများက အမြဲ
ပျံ့နှံ့လျက်ရှိပြီး သီအိုရီထုတ်သူများနှင့် ကာ
ကွယ်ပေးတတ်သော ဖန်များအကြား ပဋိပက္ခ
များကလည်း နှစ်ချီ၍ ကြာခဲ့ပြီ ဖြစ်သည်။

သို့သော် ထိုအရာကပဲ ဆောနူကို လူထုအာရုံ
စိုက် မှုရစေတာကြောင့် ကုမ္ပဏီက သူတို့နှစ်
ဦးကို မေးခွန်းထုတ်မလာခဲ့။ ညဘက်တွေနှစ်
ယောက်သား ရုပ်ရှင်သွားကြည့်ကြသည့်ပုံ
တွေ၊ လေဆိပ်မှာ ဆောနူရဲ့ မန်နေဂျာက
ပုခုံးကိုဖက်၍ ခေါ်သွားသည့်ပုံတွေ၊ overseas
schedule ရှိတိုင်း မန်နေဂျာနှင့် နှစ်ယောက်
တည်း ဟိုဟိုဒီဒီ သွားရောက်လည်ပတ်ပုံများ
က ပရိသတ်များအကြား တစ်နေ့တစ်နေ့ပြော
မကုန်သည့် အငြင်းပွားမှုများကို ဖြစ်ပေါ်စေ
သော်လည်း ဘယ်အရာက မူမမှန်တာလဲဆို
လျှင် ထောက်ပြစရာ မရှိပါပေ။

အဆုံးမှာတော့ သူတို့ နှစ်ဦးလုံးက ယောက်ျား
လေးများပင် မဟုတ်ပါလား။ ဆယ်စုနှစ်တစ်ခု
စာ ခင်မင်လာသည့်သူတစ်ယောက်နှင့် ခဏ
တိုင်း အပြင်ထွက်လည်တာကလည်း ဖြစ်သင့်
ပြီး ဆောနူကို လူတွန်းမခံရစေရန် မန်နေဂျာ
တစ်ယောက်အနေနဲ့ ကာကွယ်ပြီး ခေါ်ထုတ်
တာကလည်း ဖြစ်သင့်ပေသည်။ တစ်ချို့စောင့်
ကြည့်သူများကတော့ သူတို့နှစ်ဦးအား အလုပ်
ထက်ပိုလေးနက်သည့် ဆက်ဆံရေးရှိကြသည်
ဟု အခိုင်အမာ ပြောဆိုထားရာ ကုမ္ပဏီကတော့
ဆောနူကို အများကြီး မထိခိုက်လာသ၍ လျစ်
လျူရှူထားဆဲပါပင်။

သို့သော် ဆောနူ၏ သုံးကြိမ်မြောက် တစ်ကိုယ်
တော် နယ်လှည့် ဖျော်ဖြေပွဲ အဆုံးသတ်တော့
မည့်အချိန်သည်ကား သူတို့ကျိန်းသေပေါက်ခွဲ
ခွာရဦးမည့်လအမှတ်သညာတစ်ခုပင် ဖြစ်လာ
လေသည်။

ဆောနူ ၊ ဆောင်းဟွန်းနှင့် team တစ်ခုလုံး
ကုမ္ပဏီနှင့် video call meeting ထိုင်နေကြ
သည်။ လက်ရှိထွက်နေသည့် သတင်းမှာတော့
လေဆိပ်ဆင်းနေစဉ် ဆောနူ၏ ရင်ဘတ်မှာဆွဲ
ကြိုးနှင့် ‌ဆောင်းဟွန်း၏ လက်သူကြွယ်မှလက်
စွပ်ဟာ couple ဖြစ်ကြောင်း ‌အင်တာနက်တွင်
ဖော်ထုတ်ခံလိုက်ရသောကြောင့်ပင်။ ဆောနူ
ဟာ ထိုဆွဲကြိုးကို အလုပ်ချိန်မဟုတ်သည့်
V log များ၊ content များတွင် အမြဲဝတ်လေ့
ရှိသည်ကို သိထားပြီး ကုမ္ပဏီက တစ်ယောက်
ချင်းစီကတော့ ဆောင်းဟွန်းရဲ့ လက်စွပ်ရာဇဝင်
ကို မသိသူမရှိကြ။

When you were in my arms , I was on your shoulder Where stories live. Discover now