36 ✧⁠*⁠。

1.7K 192 56
                                    


ဂျောင်ဝန်း၏ အထပ်မြင့်ကွန်ဒိုတိုက်ခန်း
အတွင်း နေရောင်က ကောင်းစွာကျရောက်
နေပြီး အရွယ်ရောက်ပြီးသား ယောက်ျားနှစ်
ယောက် ၏ ခြေထောက် များမှာ ကုတင်စွန်း
တွင် ထွက်နေကြလေ၏။

ဂျေးက သူ့ကျောပြင်ကို ဖော်ပြလျက်ကိုယ်
တစ်ပိုင်းကိုသာ စောင်ဖုံးထားပြီး မှောက်လျက်
အိပ်ပျော်နေကာ ဂျောင်ဝန်းလည်း တစ်ပုံစံတည်း
ပင် ဖြစ်လေသည်။

ဂျောင်ဝန်းက အရင်ဆုံးနိုးသူဖြစ်ပြီး သူမျက်
လုံးဖွင့်လိုက်သည်နှင့် ဂျေးက သူ့ရှေ့တွင်ရှိ
နေ၏။ ဂျောင်ဝန်း အတွေးထဲတွင် မနေ့ညက
အကြောင်းအရာများက ဆက်တိုက်ပြန်ပေါ်
လာလေသည်။

" ရား.. ယန်းဂျောင်ဝန်း.."

" ဖြည်းဖြည်း.. ဖြည်းဖြည်း.."

" အ.. ခဏလေး၊ အရမ်းမကိုက်နဲ့.."

" မင်း- ဘယ်လိုကလေးလဲ.."

ခွိ !

ဂျောင်ဝန်း ညတုန်းက ပတ်ဂျေးရဲ့ ချစ်ဖို့
ကောင်းမှု ပေါင်းချုပ်ကို ပြန်တွေးရင်းခေါင်း
အုံးထဲ မျက်နှာနှစ်ကာ ကြိတ်ခွီနေရ၏။

ရပါတယ် ၊ နောက်တစ်ခေါက်ကို ဆရာဝန်နဲ့
တွေ့မယ်ဆိုရင်လည်း နောက်တစ်မျိုးကြံမှာ
ပေါ့။ ခေါင်းကို လည်ပင်းပေါ်မှာ တမင်အလေး
ခံပြီး တင်ထားတာမှမဟုတ်တာ။

ထို့နောက် ဖုန်းသံက အိမ်ထဲပျံ့လွင့်လာ
သဖြင့် ဖုန်းရှာပုံတော်ဖွင့်ရသည်။ ဖုန်းမှာ
ဧည့်ခန်းထဲက အိတ်ထဲတွင် မြည်နေတာ
ဖြစ်ပြီး ဂျောင်ဝန်းစောင်ပုံထဲမှ ထကာ
သွားကိုင်‌လိုက်တော့ ဂင်ဆောနူ။

" ဩ.. ဂင်ဆောနူ၊ ကောင်းသော မနက်ခင်း.."

" ဘာလဲဟ၊ ဒီနေ့ ဘာနေ့မို့လို့လဲ.."

ဂျောင်ဝန်း ပြုံးဖြီးနေကာ သူ့ရှေ့က မှန်ပြတင်း
မှ တစ်ဆင့် မနက်ခင်းမြို့ပြကို ခံစားလိုက်သည်။

" ဘာနေ့ကမှလဲ ၊ ကောင်းသောနေ့ပေါ့..
ဘာကိစ္စလဲ.."

" လက် မှတ်နှစ်စောင် ဖယ်ထားတယ်။ ဒီညနေ
debut showcase ၊ ဂျေးဟျောင်းကိုခေါ်ပြီး
လာခဲ့.."

" တကယ်တော့ အခုတလော အလုပ်ရှုတ်
နေပေမယ့်.. ဘာပဲဖြစ်ဖြစ် ဒီနေ့ကတော့
အလုပ်လုပ်ဖို့အတွက် အရမ်းနှမြောစရာ
ကောင်းလွန်းတာမို့လို့ လာခဲ့မယ်.."

When you were in my arms , I was on your shoulder Where stories live. Discover now