10 ✧⁠*⁠。

1K 177 20
                                    


ဂျေး စင်နောက် မှ ထွက်လာတော့ ခုံပေါ်တွင်
အေးအေးလူလူ ထိုင်နေသော ဂျောင်ဝန်း ၊
ဘေးတွင် ချထားသော ဆောနူ၏ ဂစ်တာအိတ်
နှင့် လွယ်အိတ်နှစ်လုံးကို တွေ့လိုက်ရသည်။
သူ ဟိုဘက်ဒီဘက်ကြည့်ပြီးနောက် ဆောင်းဟွန်း
ကို လိုက်ရှာနေရင်း..

" အကုန် ဘယ်သွားကြတာလဲ.."

" ဘယ်သူလဲ.."

" ဆောင်းဟွန်း၊ ပြီးတော့ ဆောနူရော..
ပြီးရင် ညစာသွားစားဖို့ရှိတာကို.."

ဂျောင်ဝန်း ဗလာကျင်းနေသည့် မျက်နှာကို
ဆင်မြန်းလိုက်ပြီး..

" မသိလိုက်ဘူး ၊ ကျွန်တော်လည်း အလုပ်ရှုတ်
နေတာ.."

ဆောင်းဟွန်း မျက်နှာငယ်လေးဖြင့် ခေါင်းခါပြ
တော့ ဆောနူက စိတ်ညစ်သွားသည့်ပုံဖြင့် အခန်း
တွင်း ဟိုဟို ဒီဒီ လိုက်ကြည့်လိုက်သည်။

အခန်းက အတော်မှောင်နေတာကြောင့် ဆောနူ
နံရံတွေကို လက်နှင့်လိုက်စမ်းကြည့်ရင်း မီးခ
လုတ်ကို နှိပ်မိလိုက်တော့ မီးလင်းတယ်ဆိုရုံတပ်ထားသော အဝါရောင်မီးလုံးလေးသာ လင်းလာသည်။ အခန်းက ရှည်လျားကာ ခေါင်မိုးက မြင့်
၏။ သုံးမီတာခန့်ရှည်သည့် နေရာလောက်တွင်ရှိသည့် လေဝင်လေထွက် ပေါက် မှလွဲ၍ ပြတင်း
ပေါက် မရှိချေ။ နံရံတွင်ကပ်နေသော ဆိုဖာအ
နွမ်းတစ်လုံးရှိကာ ပစ်ထားတာ ကြာသေးပုံမရ။
ဖုံအရမ်းမတက်ဘဲ ရှိနေလေသည်။

ဆောနူ အမွှေးပွကြက်တောင်ကို ယူကာ ဆိုဖာကို
ဖုန်နည်းနည်းရှင်းလိုက်ရင်း..

" ဆန်းဘေး.. အရင်ထိုင်ဦး..။ ကျွန်တော်
ဘာလုပ်ရမလဲ စဉ်းစားလိုက်ဦးမယ်.."

ဆောင်းဟွန်းမှာ မလှုပ်နိုင်ဘဲ နေရာတွင်သာ
ရပ်နေမိ၏။ သူ့ခေါင်းထဲတွင် စကားလုံး၊သုံးလုံး
သာ လှည့်ပတ်နေသည်။

သူ ရယ် ၊ ဆောနူရယ် ၊ ပြီးတော့ ည။

ထိုသုံးခု ပတ်လည်ရိုက်နေရင်း ဆောနူကသူ့
ဘယ်ဘက်လက်ကောက်ဝတ်ကို လာဆွဲကာ
ဆိုဖာပေါ် ထိုင်စေမှ အသိပြန်ရ၏။

" အရမ်းလည်း မကြောက်ပါနဲ့၊ အဆိုးဆုံးမှ
တစ်ညလောက်ပဲ နေရမှာ။ မနက်ကျရင်တော့
ဂျေးဟျောင်းက.."

When you were in my arms , I was on your shoulder Where stories live. Discover now