အခန်း ၉- ဖုံကွယ်ထားသော အရာများ
လင်းရှင်းလန် သည် ရေထဲတွင် လင်းယွဲ့လန်၏ ရောင်ပြန်ဟပ်မှုကို ကြည့်လိုက်သည်။ သူမ ရေထဲမှာသူမရဲ့အေးစက်သောအပြုံးကို မြင်နေရသည်။
လင်းမိသားစုက လင်းယွဲ့လန် သည် သူတို့၏သွေးချင်းဆက်နွယ်မှုကြောင့် သူတို့ကို အန္တရာယ်ပြုမည်ဟု ယုံကြည်ခဲ့သည်။
လင်းရိ၀ေ ၏သား သည် အသက်နှစ်ဆယ်ကျော်ရှိပြီဖြစ်သည်။ သူသည် မြို့တွင်းရှိ ကိုယ်ပိုင်ကျောင်းတစ်ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ထိုဆောင်းဦးရာသီတွင် သူသည် ခရိုင်စာမေးပွဲကို အောင်မြင်ပြီး မူလတန်းပညာတော်သင် ဖြစ်လာခဲ့သည်။
လင်းမိသားစုကျေးရွာတွင် ပညာတော်သင် နှစ်ဦးသာ ရှိသည်။ တစ်ယောက်က ရွာသူကြီးမိသားစု လင်းမင်ချင် ၏ အငယ်ဆုံးသားဖြစ်ပြီး ကျန်တစ်ဦးမှာ လင်းမိသားစု၏ တတိယမြောက်သား လင်းသကျူံ ၏ ဖြစ်သည်။ လင်းရိ၀ေသည် ရွာသူကြီးဖြစ်ပြီး သူ့မိသားစုတွင် ပညာရှင်တစ်ဦးရှိသည်။ ထို့ကြောင့် ရွာသားများသည် လင်းရိ၀ေ ကို အလွန်လေးစားကြသည်။ လင်းမိသားစုသည်လည်း ခြွင်းချက်မရှိပေ။
သို့သော် လင်းသကျူံ ကို ကျောင်းသို့ ပို့လိုက်သောအခါ ကျောင်းအုပ်ကြီးမှ ချီးကျူးခံရသည်။ ဆယ်နှစ်မပြည့်ခင် ကလေးစာမေးပွဲကို အောင်ပြီး ဉာဏ်ကြီးရှင်လူငယ်လို့ ခေါ်နိုင်ခဲ့တယ်။ လင်းမင်ချင် ထက် နှစ်နှစ်ငယ်သော ကလေး ဖြစ်ပြီး လင်းလောင်စန်း နှင့် သူ့မိသားစုတွေကလည်း ပျော်ရွှင်ခဲ့ကြသည်။
စာမေးပွဲကြောင့် လင်းလောင်စန်းနှင့် သူ့မိသားစုသည် မာနကြီးပြီး မောက်မာခဲ့ကြသည်။ လင်းမင်ချင်သည် ၎င်းတို့၏ မိသားစုအရေးတွင် စွက်ဖက်လိုသောအခါ လင်းလောင်စန်း ၏ မျက်နှာသည် မည်းမှောင်သွားပြီး သူ မပျော်တော့ပေ။
"လူငယ်လေးချင်၊ မင်းပြောဖို့က လွယ်တယ်။ ငါတို့ မိသားစု ခွဲခွာတဲ့ အခမ်းအနား ရှိရင်တောင် ကောင်မလေးက ငါတို့ရဲ့ သွေးတွေသူ့ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေသေးတယ်။ အဲ့ဒါက ငါ့မိသားစုကို သတ်လိမ့်မယ်" ဟု သူက ပြောသည်။ တစ်နည်းဆိုရသော် လင်းယွဲ့လန် မသေလျှင် လင်းမိသားစုသည် သေပေလိမ့်မည်။

ВЫ ЧИТАЕТЕ
ကံဆိုးတဲ့ တောသူမလေးရဲ့ယောကျ်ားက သောက်ရမ်းချမ်းသာတယ်
Исторические романыOngoing novel လင်းရှင်းလန်ဟာကမ္ဘာပျက်ကပ်ကာလမှာစွမ်းအင် 2မျိုး နိုးထခဲ့ပေမယ့် သူ့ရည်းစားနဲ့ သူ့သူငယ်ချင်းက လအနည်းငယ်စာ အစားအသောက်အတွက်နဲ့ သူမကို သုတေသနစခန်းမှာ စမ်းသပ်ခံဖို့ ရောင်းစားခဲ့တယ် စခန်းမှာစမ်းသပ်ခံရတာတွေခံနိုင်ရည်မရှိတော့တဲ့အခါ သူမကိုသ...