အခန်း ၈၈- ကျေနပ်ဖွယ်ရလဒ်
လင်းယွဲ့လန်ပြောလိုက်တာနဲ့ လူတိုင်းရဲ့မျက်နှာမှာ ထိတ်လန့်ပြီး တုန်လှုပ်ခြောက်ခြားသွားကြသည် ။
လင်းယွဲ့လန် က "ကျွန်မအရင်ကပြောဖူးတယ်။ကျွန်မ ငရဲနန်းတော်ကိုရောက်ဖူးပြီး ငရဲဘုရင်က ပြန်လွှတ်လိုက်တယ်လို့။"
“တစ်ခါသေပြီးကတည်းက ဒုတိယအကြိမ် သေရမှာကို မကြောက်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်မကံကြမ္မာ မပြီးခင် ငရဲဘုရင်က ကွျန်မကို ဘယ်တော့မှ ခေါ်ဆောင်မှာ မဟုတ်ဘူး။
"သေဖို့ မကြောက်ဘူးလို့ ဆိုလိုချင်နေတာ မဟုတ်လား"
လင်းယွဲ့လန်၏ စကားတိုင်းသည် ထက်မြက်သည်။ သူမ၏ အဓိပ္ပါယ်မှာ ရိုးရှင်းပါသည်။ ရွာသားတွေက သူမကို မီးရှို့သတ်ချင်သေးရင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ဖို့ အတွက်စိတ်မ၀င်စားရင်တောင် အသုံးမ၀င်ဘူး။ ( သူ့ကိုမီးရှို့ရင် သူကတစ်ရွာလုံးကိုသတ်ပစ်မှာလို့ပြောချင်တာပါ)
လူအုပ်ကြီး တိတ်သွားတယ်။
လင်းယွဲ့လန်ခေတ္တရပ်ပြီး သူမ၏ စူးရှသောမျက်လုံးများက လူတိုင်း၏အမူအရာများကို ကြည့်ကာ "ငရဲဘုရင်၏အလိုဆန္ဒဖြင့် လူ့လောကသို့ ကျွန်မပြန်လာခဲ့တယ်။ ငရဲဘုရင်က ကျွန်မ ဒီလိုအနိုင်ကျင့်ခံရတာကို မမြင်နိုင်ဘူး၊ဒါကြောင့် ကျွန်မငယ်သေးရင်တောင်ကျွန်မကို နတ်တန်ခိုး၊ ဉာဏ်ပညာနှင့် တိရိစ္ဆာန်များနှင့် ပေါင်းသင်းနိုင်သော စွမ်းရည်တို့ကို ပေးသနားခဲ့သည်။
"ရှင်တို့အားလုံး ကျွန်မကို နတ်ဆိုးလို့ ခေါ်ကြပေမယ့် ကျွန်မမေးကြည့်ပါရစေ ကျွန်မက လူတွေကို ဒုက္ခပေးဘူးလား၊ သတ်ဖူးလား၊ လူတွေကို စားဖူးသလားလို့...ဟမ်။ရှင်တို့က ကျွန်မကတစ်ရွာလုံးကို ကြေကွဲစရာတွေ ယူလာမယ်လို့ ပြောတယ်။ ရယ်စရာကောင်းလိုက်တာ။ကျွန်မက ရှင်တို့ရဲ့အဆက်မပြတ် အနိုင်ကျင့်ခြင်းကိုခံခဲ့ရသူပါ။ နေ့တိုင်း ရှင်တို့ ကျွန်မကို ဆဲဆိုကြိမ်းမောင်းတယ်၊ ရိုက်နှက်တယ်၊ အနိုင်ကျင့်တယ်။ အဲဒီတုန်းက ကျွန်မက ဂြိုလ်ဆိုးဖြစ်လို့ ကျွန်မအပြစ်လို့ ထင်ခဲ့တာ။"
YOU ARE READING
ကံဆိုးတဲ့ တောသူမလေးရဲ့ယောကျ်ားက သောက်ရမ်းချမ်းသာတယ်
Historical FictionOngoing novel လင်းရှင်းလန်ဟာကမ္ဘာပျက်ကပ်ကာလမှာစွမ်းအင် 2မျိုး နိုးထခဲ့ပေမယ့် သူ့ရည်းစားနဲ့ သူ့သူငယ်ချင်းက လအနည်းငယ်စာ အစားအသောက်အတွက်နဲ့ သူမကို သုတေသနစခန်းမှာ စမ်းသပ်ခံဖို့ ရောင်းစားခဲ့တယ် စခန်းမှာစမ်းသပ်ခံရတာတွေခံနိုင်ရည်မရှိတော့တဲ့အခါ သူမကိုသ...