78

1.8K 159 1
                                    


အခန်း 78: နောက်ကွယ်ကလူ

လင်းယွဲ့လန် သည် ရှောင်းပိုင်၏နောက်ကျောပေါ်တွင်ထိုင်ကာ သူမ၏အိမ်တံခါးဝတွင်ရပ်နေသည်။

သူမ မျက်နှာအမူအရာ ကင်းမဲ့နေပြီး စူးရှသော မျက်လုံးများက တံခါးကို စိုက်ကြည့်နေသည်။

လီချူဟွား , လင်းသနိုင် , လင်းလျှိုကျောင်းနှင့် ဂူဆန်းနင်း တို့သည် ပိုက်ဆံတွေ ရှာမတွေ့တာကြောင့် လင်းယွဲ့လန်၏ အသစ်ဝယ်ထားသော ပစ္စည်းများကို ကိုင်ဆောင်ကာ တံခါးအပြင်သို့ ထွက်သွားသောအခါ လင်းယွဲ့လန် သည် ကျားကြီး၏ နောက်ကျောတွင် ကြီးကျယ်စွာ ထိုင်နေသည်ကို တွေ့လိုက်ရသည်။

လေးယောက်လုံး ထိတ်လန့်တုန်လှုပ်သွားကာ လက်ထဲတွင်ရှိသော အရာများ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူတို့၏မျက်လုံးထဲတွင် အကြောက်တရားများ ပေါ်လာသည်။

သူတို့သည် လင်းယွဲ့လန်ကို မကြောက်ကြသော်လည်း သူမထိုင်နေသော အောက်ကရှောင်းပိုင်ကတော့  မတူပေ။

မ​နေ့​က​တော့ လင်းယွဲ့လန် ရဲ့​နေရာ​မှာ ကျား​ကြီး​တစ်​ကောင်​ကို တွေ့​ခဲ့​ပေမဲ့ အဲဒီ​ကျား​က သေ​ပြီး​ပြီ။
ဒါကြောင့်၊ သူတို့က မကြောက်ဘူး။ သူတို့သည် အစပိုင်းတွင် တုန်လှုပ်သွားသော်လည်း ကျားသေသွားသည်ကို သိပြီးနောက် တဖြည်းဖြည်း ငြိမ်သက်သွားကြသည်။

သို့သော်လည်း ယခုအခါတွင် ကြီးမား၍ အရပ်ရှည်ပြီး ကြမ်းတမ်းသော ကျားကြီးတစ်ကောင်သည် ၎င်းတို့ရှေ့တွင် ရပ်နေလေသည်။ ထို့အပြင်၊ ဤကျားကြီးသည် သူတို့မြင်ဖူးသော ကျားသေထက်ပင် ပိုကြီးလှသည်။

သူတို့လေးယောက်မှာ အလွန်ကြောက်လန့်ပြီး မျက်နှာဖြူဖျော့ကာ လက်ခြေများ အားနည်းသွားကြသည်။ အချင်းချင်း ချုပ်နှောင်ထားကြတယ်။ အရင်က ရန်ဖြစ်ရင်းနဲ့ အခုချိန်မှာတော့ တစ်ယောက်နဲ့တစ်ယောက် ပံ့ပိုးကူညီမှုတွေ ဖြစ်လာတယ်။

"ဒါက ကျားအစစ်လား?" ဂူဆန်းနင်း သည် ကြောက်လန့်တကြားဖြင့် မျက်လုံးများကို ကျယ်ကျယ်ဖွင့်ကာ တုန်လှုပ်ခြောက်ခြားသော အသံဖြင့် မေးသည်။

ကံဆိုးတဲ့ တောသူမလေးရဲ့ယောကျ်ားက  သောက်ရမ်းချမ်းသာတယ်Where stories live. Discover now