80

1.3K 120 0
                                    

အခန်း 80- ကိုင်တွယ်ခြင်းနှင့် တားဆီးခြင်း

ရွာရှိ လူငယ်နှင့် သန်မာသော အမျိုးသားများအားလုံး လင်းယွဲ့လန် ၏တဲရှိရာသို့ ပြေးသွားသောအခါ အံ့ဩသွားကြသည်။

အဲဒီမှာ ကျားကြီးတစ်ကောင်ရှိနေတာ အမှန်ပဲ၊ အကောင်ကြီးပြီး ကြမ်းတမ်းတာလည်း မှန်ပါတယ်။

ဒါပေမယ့် တခြားဘယ်အရာက မှားနေတာလဲ။

အရွယ်ရောက်ပြီးသူ၏ခါးလောက်မြင့်သော ကျားဖြူသည် လင်းယွဲ့လန်၏အိမ်ရှေ့တွင် နာခံမှုဖြင့်ရပ်နေ၏။

မျက်လုံးဝိုင်းဝိုင်းကြီးတွေက လူအုပ်ကို ရှုပ်ယှက်ခတ်ပြီး ကြည့်နေတယ်။ ဖြူဖွေးသော အမွေးများဖြင့် တတ်နိုင်သလောက် ချစ်စရာကောင်းသည်။

ဒါပေမယ့် ဘယ်လောက်ပဲ ချစ်ဖို့ကောင်းနေပါစေ ကျားကြီးတစ်ကောင် ဖြစ်နေတုန်းပါပဲ။

ထို့ကြောင့် လူတိုင်းသည် ကျားကြီးအား သတိနှင့် စိုက်ကြည့်နေကြသည်။ တစ်ချိန်တည်းမှာပဲ,
သူတို့၏ မျက်နှာများသည် အထိတ်တလန့်နှင့် မသက်မသာ ခံစားချက်ကို ထင်ရှားစေသည်။ ကျားကိုတိုက်ဖို့ အလျင်စလိုလုပ်သင့်မလုပ်သင့် တုံ့ဆိုင်းနေကြတယ်။

လူအုပ်ကြားတွင် သူရဲဘောကြောင်သော အမျိုးသားများသည် အလွန်ကြောက်လန့်ပြီး အခြားသူများ၏နောက်တွင် ပုန်းအောင်းကြသည်။

လင်းသ၀ေသည် ထိုနေရာသို့ ပထမဆုံးရောက်လာသည်။ နောက်တဖန် သူသည် ပထမမဟုတ်လျှင်ပင် အခြားရွာသားများက ဘာမှ မလုပ်ဝံ့သေးဘဲ သူ့ကို စောင့်နေကြပြန်သည်။ သူသည် ရွာမုဆိုးဖြစ်သောကြောင့်ပင်။

ကျေးဇူးတင်ဖို့ကောင်းစွာပင်၊ လင်းသ၀ေရဲ့အိမ်က လင်းယွဲ့လန် ရဲ့တဲနဲ့ သိပ်မဝေးပါဘူး။ ရှောင်းပိုင် ဟိန်း ဟောက်ပြီး သိပ်မကြာခင်မှာပဲ သူရောက်လာတယ်။ ဒါပေမယ့် သူရောက်လာတော့ စိတ်ရှုပ်သွားတယ်။ ကျားကြီးသည် ကလဲ့စားချေရန် လိုက်ရှာနေပုံမပေါ်ပျ။ ယင်းအစား၊ ၎င်းသည် လင်းယွဲ့လန်၏ တဲရှေ့တွင် ရပ်ကာ အမြီးကို ပျော်ရွှင်စွာ ဆွဲတင်လိုက်
ချလိုက်လုပ်နေသည်။

ကံဆိုးတဲ့ တောသူမလေးရဲ့ယောကျ်ားက  သောက်ရမ်းချမ်းသာတယ်Where stories live. Discover now