15

3.2K 250 0
                                    

Loli is back😘

Chapter 15


"အာ့ကုန်းဇီ" ဟု လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက လက်ထဲတွင် ပေါက်ပြားကိုင်ကာ အော်လိုက်သည်။ ပြန်ဖြေသံမကြားရတာကြောင့် ှည့်ပတ်ကြည့်လိုက်သည်။ အာ့ကုန်းဇီ၏ အရိပ်အယောင်မတွေ့ရပါ။ သူက တခြားရွာသားတွေကို " အာ့ကုန်းဇီဘယ်မှာလဲ " လို့ မေးတယ်။

"ဦးလေး အာ့ကုန်းဇီ ပြေးသွားပြီ"

အသက် ၁၅ နှစ်အရွယ် ဆယ်ကျော်သက်က ဖြေတယ်။ "ဘာလဲ? သူထွက်​​ပြေးသွားတာလား?" လင်းသ၀ေက သူ့ဘေးနားက ဆယ်ကျော်သက်ကို လှမ်းအော်တယ်။

လင်းယွဲ့လန်ဟာ သေဆုံးပြီး အာ့ကုန်းဇီ ကိုဖမ်းဆီးရန် တမလွန်မှ ပြန်လာခဲ့ကြောင်း ရွာသားများထံမှ သိရသည်။

"အဖေ။ လင်းယွဲ့လန် သေပြီ။"

“အမေ၊ ဂြိုလ်ဆိုးမ သေပြီ။ သူမသည် အာ့ကုန်းဇီ ကို ခြောက်လှန့်ဖို့ ပြန်လာခဲ့တယ်တဲ်။"

"အဘိုး၊ အာ့ကုန်းဇီ ကို ဂြိုလ်ဆိုးမက ဖမ်းပြီး စားဖို့လုပ်တယ်တဲ့။"

ဂြိုလ်ဆိုးမသေသွားပြီလို့ ရွာသားတွေကြားတော့ ဝမ်းသာသွားတယ်။  ဂြိုလ်ဆိုးပျောက်ကွယ်သွားတော့ ရွာက လုံခြုံရမယ်။ သို့သော် ကျန်သော ပြောစကား များက သူတို့အား စိုးရိမ် စေသည်။

အာ့ကုန်းဇီ အဖမ်းခံရပြီလား?

ရွာသူရွာသားများ ဒေါသတကြီးဖြစ်ခဲ့ကြသည်။

ဂြိုဟ်ဆိုးက သေဆုံးသွားသင့်ပေမယ့် အာ့ကုန်းဇီ ကိုဖမ်းဖို့ သူမဘာကြောင့်ပြန်လာဖို့ လိုအပ်တာလဲ။

အာ့ကုန်းဇီ ၏မိဘများသည် ဂြိုလ်ဆိုး သည် ၎င်းတို့၏သားကို ခေါ်သွားကြောင်းကြားသောအခါတွင် စိုးရိမ်စိတ်များ ပြင်းပြလာကာ အာ့ကုန်းဇီ ကို ပြန်ခေါ်ရန် ရွာသားများကို ချက်ခြင်းစုရုံးခဲ့သည်။

ဂြိုလ်ဆိုးသေပြီး သရဲတစ္ဆေဖြစ်လာတယ်။

ဒီရွာသားတွေက မကြောက်ဘူးလား။

ဟုတ်ပါတယ် သူတို့ကြောက်တယ်။ သရဲတစ္ဆေမကြောက်တဲ့သူက ဘယ်သူရှိလို့လဲ။ ဒါပေမယ့် သူတို့က ဂြိုလ်ဆိုးမ ပြန်လာမှာကို ပိုလို့တောင် ကြောက်သည်။

ကံဆိုးတဲ့ တောသူမလေးရဲ့ယောကျ်ားက  သောက်ရမ်းချမ်းသာတယ်Where stories live. Discover now