68

1.9K 141 0
                                    

အခန်း 68- မိတ်ဆွေဖွဲ့နည်း

လင်းယွဲ့လန်သည် ဤကလေး၏ ဦးနှောက်ကို အမှန်တကယ် နားမလည်နိုင်ခဲ့ပေ။

လူတွေကို ကျိန်ဆဲပြီး သူငယ်ချင်းဖြစ်ချင်လို့တဲ့ ဘယ်သူက အဲ့လိုမိတ်ဆွေဖွဲ့လို့ရတယ် ပြောလိုက်တာလဲ။ တကယ့်ကို မျက်စိပွင့်စေတာဘဲ။

သူ့ညီမ၏စကားကိုကြားပြီးနောက် သခင်ငယ်လေးလျှိုသည် ရှက်ရွံ့မှုကို ခံစားလိုက်ရသည်။

သူ့ညီမကို ကောင်းကောင်းသိသည်။ သူ့ညီမသည် လင်းယွဲ့လန်နှင့် အမှန်တကယ် မိတ်ဖွဲ့ချင်နေပေမည်။ ဒါပေမယ့် သူမရဲ့ သူငယ်ချင်း ပေါင်းသင်းနည်းကအရမ်း.....အဟမ်း...ကောင်းပါတယ်.....။

သူ့ညီမ၏ပခုံးကို ပုတ်ကာ ရှက်ရွံ့သောမျက်နှာဖြင့် လင်းယွဲ့လန်ဘက်လှည့်ကာ

“တောင်းပန်ပါတယ် သခင်မလေး၊ ငါ့ညီမက မင်းနဲ့ မိတ်ဖွဲ့ချင်နေတာ။ဒါပေမယ့် သူမ ဘယ်လိုလုပ်ရမှန်း မသိဘူး။ ဒါကြောင့် သူမရဲ့အပြုအမူ တွေနဲ့   စကားလုံးတွေက   မင်းကို  စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ရင် ညီမလေးကိုယ်စား ဒီကသခင်မလေးကို တောင်းပန်ပါတယ်.."

သူပြောသည့်အတိုင်း လက်ယှက်ကာ လင်းယွဲ့လန် ကို ဦးညွှတ်လိုက်သည်။ လင်းယွဲ့လန် သည် ထိုမျှကပ်သပ်တတ်သူ မဟုတ်ပေ။ သူမ၏အစ်ကိုက တောင်းပန်ပြီးကတည်းက ထိုကိစ္စကို  ထားခဲ့ဖို့ ဆုံးဖြတ်လိုက်တယ်။ ထို့အပြင်၊ ကောင်မလေးသည် သူမ၏ ပစ္စည်းများကို ယူကာ ဆင်းရဲသားဟု ခေါ်ခြင်းမှလွဲ၍ အန္တရာယ်ဖြစ်စေသော မည်သည့်အရာမှ မလုပ်ခဲ့ပေ။

လင်းယွဲ့လန်က ခေါင်းညိတ်ပြပြီး

"မင်းညီမလေးက လူတိုင်းနဲ့ မိတ်ဖွဲ့တဲ့အခါ ဒီလိုမျိုးလား?"

သူတို့ကို စော်ကားပြီး ပစ္စည်းတွေ လုယူတာလား။ ဒီလိုဆိုရင် သူနဲ့  ဘယ်သူကသူငယ်ချင်း ဘယ်ချင်မှာလဲ။

သခင်လေးလျှို သည် ရှက်ရွံ့သွားပြန်သည်။ သူက မေးစေ့အောက်မှာ လက်သီးဆုပ်ထားပြီး ချောင်းဆိုးလိုက်တယ်။ သူ့မျက်နှာမှာ အနည်းငယ်နီနေပြီး

"အဟမ်းး   အဲ့လိုမဟုတ်ပါဘူး၊ ရိုးရိုးသားသားပြောရရင် မင်းက ငါ့ညီမဘက်ကနေ စမိတ်ဖွဲ့ချင်တဲ့ ပထမဆုံးလူပဲ ဖြစ်နိုင်တယ်၊ ငါ့ညီမ ငယ်ငယ်ကတည်းက မိဘတွေရဲ့ အလိုလိုက်ဖျက်ဆီးခံခဲ့ရတာကြောင့်ပါ၊ သူမလိုချင်တဲ့အရာတွေ  အမြဲရတယ် ၊ ဒါကြောင့် သူ့ စိတ်ထဲမှာ သူငယ်ချင်း ဖြစ်အောင်  ဘယ်လို လုပ်သင့်တယ်ဆိုတာက ... "

ကံဆိုးတဲ့ တောသူမလေးရဲ့ယောကျ်ားက  သောက်ရမ်းချမ်းသာတယ်حيث تعيش القصص. اكتشف الآن