3

4.9K 242 5
                                    

ရှောင်းကျန့်က မနက်အစော အိပ်ရာ ထ‌တယ်။
ဒါက သူ့ ပုံမှန် အလေ့အကျင့်ပါပဲ။
ရေချိုးခန်းဝင်မယ်။ ပြီးရင် ခပ်လွယ်လွယ် မနက်စာကို စိတ်ပါ လက်ပါ ချက်တယ်။
အစားအသောက် အလေအလွင့် မဖြစ်အောင် ရှောင်းကျန့်က စနစ် တော်တော်ရှိတယ်။

နယ်မြို့လေးက လာတဲ့ ရှောင်းကျန့်အတွက် ဒီအလုပ်တွေက မပင်ပန်းပါဘူး။
မနက်စာကို စားရင်း ငှက်ကလေးတွေအတွက် ငှက်စာကို ကျွေးတယ်။
အမြီးတိုကြောင်ကလေးကိုလည်း အစာကျွေးတယ်။ indoor plant စိမ်းစိမ်းလေးတွေကို ရေနဲ့ ဖျန်းတယ်။

အိမ်ရှေ့မှာ ထားထားတဲ့ ပန်းအိုးတွေကို ရေလောင်းတယ်။ ရှောင်းကျန့်မှာ ကြက်သွန်မြိတ်လို၊ နံနံလို ဟင်းခတ် အမွှေးအကြိုင်ပင်လေးတွေလည်း စိုက်လေ့ရှိတယ်။ ရှောင်းကျန့်က စေ့စပ်သေချာတယ်။ အသုံး နဲ့ အဖြုန်းကို တော်တော်လေး စစ်စီတဲ့ ကောင်ကလေး ဖြစ်တယ်။

သူ့ကျောင်းစရိတ်က အရမ်းကုန်တာမို့ ရှောင်းကျန့်မှာ ကိုယ်ပိုင်ကား မရှိပါဘူး။ အညိုဖျော့ဖျော့ ရှပ်အင်္ကျီနဲ့ ပုံမှန် ဘက်ဂီဘောင်းဘီ ရှောင်းကျန့်က ကားဂိတ်ရှိတဲ့ဘက်ကို ‌သူ့ခြေလှမ်းအကျဲကြီးတွေနဲ့ အပြေးတစ်ပိုင်း လျှောက်တော့တာပဲ။ ဒါက ရှောင်းကျန့်ရဲ့ နိစ္စဓူဝ အလေ့အကျင့်ပဲလေ။

______________________________________

"ပေါ်တိ အပြင်သွားမလို့လား"

"ဟုတ်"

ပန်းပင်တွေ ရေလောင်းရင်းနဲ့ ရှောင်းကျန့်က ရယ်ပြတယ်။ သူက တကယ်ကို ကြည်စင်နေတာပဲ။ ရိပေါ်က သူ့အခြေအနေကို နားမလည်နိုင်ဘူး ဖြစ်နေတယ်။

ရည်းစားစကားပြောထားတဲ့လူကို ဒီအတိုင်း မျက်လုံးတောက်တောက်နဲ့ အိမ်နီးနားချင်း ရယ်ပြသလို ရယ်ပြနေရုံနဲ့တင် ပြီးရောလား။ တစ်ခုခု တာဝန်ယူရမယ် မဟုတ်ဘူးလား။

ရိပေါ် အတွေးက မ‌ဆုံးသေးဘူး။
ရိပေါ်နဲ့ အတန်းတူ ကောင်လေးနဲ့ကောင်မလေး (၅)ယောက်က ရှောင်းကျန့်ရဲ့ အိမ်ထဲကို တန်းနေအောင် ဝင်သွားတယ်။
ဒီရှောင်းကျန့်က သူ့ကို ရယ်ပြတာနဲ့ တစ်ပုံစံတည်း ရယ်ပြတော့တာပဲ။

An Ideal Husband (Completed)Where stories live. Discover now