ဝမ်ရိပေါ်က စိတ်ရှုပ်ထွေးရတာ မကြိုက်ဘူး။
ဖိအားတွေကို မကြိုက်ဘူး။
လူတွေ အများကြီးနဲ့ ထိတွေ့ဆက်ဆံရတာ မကြိုက်ဘူး။ရှောင်းကျန့် ပခုံးစွန်းလေး မှီရတာနဲ့
သူ့စိတ်ကလေး ရှောင်းကျန့်အပေါ် ပစ်တင်ထားရတာပဲ ကြိုက်တယ်။တကယ်ဆို ဘာလိုလဲ
ချစ်နေဖို့ပဲဆိုပြီး
နှုတ်ခမ်းပါးေအာက်က မှဲ့နက်သေးသေးလေးကို ထိတွေ့ပြီး နေ့တွေ အစပြုချင်တယ်အချစ်ဟာလည်း မင်္ဂလာပဲလို့ ယုံကြည်တယ်။
ဒါဟာ သူ့ရဲ့ နေ့တွေ ခက်ခဲစ ပြုလာတာတောင်မှပဲ။ သူက ရှောင်းကျန့်နဲ့ ပြေလည်ချင်ပါတယ်။ ဘဝမှာ သဟဇာတ ကီးကို ဘယ်သူနဲ့မှ ညှိမယူချင်ရင်တောင် ရှောင်းကျန့်အတွက်တော့ ညှိယူချင်တယ်။
ဒါက အလျှော့ပေးတာလည်း မဟုတ်ဘူး။
အနိုင်ယူချင်တာ မဟုတ်ဘူး။
ဒီလူသားက သူ့ဘဝအတွက် အရေးအပါဆုံးမှု ညှိနှိုင်း တည်ဆောက်တာ။မူလဗီဇအားလုံးကို ချိုးနှိမ်ထားရတာ။
____"''_"''
"ကောကော"
"ဒီနေ့ ကောကော အိမ်မှာ လာအိပ်လို့ မရဘူးလား"
"မနက်ဖြန် ပြိုင်ပွဲဆိုပါတော့"
"အင်း"
"ဒီနေ့ မားနဲ့ပါး လာမှာ
ဒါပေမဲ့ ပေါ်တိ လာလို့ ရတယ်"သူသိတဲ့ ဝမ်ရိပေါ်က ဒီလိုလေးပါပဲ။ ဟိုးအစကနေ အခု (၂)နီးပါး ရောက်လာတဲ့အထိ ပြိုင်ပွဲရှိတဲ့ရက်တွေမှာ ရှောင်းကျန့်နဲ့ အတူရှိမှ အဆင်ပြေတယ်ထင်တဲ့ ကောင်ကလေးပါ။
"ကိုယ်နဲ့အတူ သွားကြိုတာ လိုက်ခဲ့မလား"
"ကောကောအတွက် ကိုယ်ပိုင်အချိန်"
"သူစိမ်းမှ မဟုတ်တာ အသည်းရဲ့
အသည်း လိုက်မယ်ဆို ကိုယ် ကလပ်မှာ တစ်ခါတည်း ဝင်ခေါ်မယ်""ဟုတ်"
ရှောင်းကျန့်ရဲ့ အဖေနဲ့အမေကို သွားကြိုပြီး သူတို့ အပြင်မှာပဲ ညစာ စားကြတယ်။
ရှောင်းကျန့်ရဲ့ နွေးထွေးတဲ့ အပြုအမူတွေအကုန်လုံးက သူ့အမေဆီက လက်ဆင့်ကမ်း သယ်လာတာပါပဲ။ သူ့အဖေကတော့ စကားနည်းပုံရပေမဲ့ သူ့ကို ကြင်နာပါတယ်။
YOU ARE READING
An Ideal Husband (Completed)
FanficUnicode and Zawgyi included လူသားနမူနာ ပုံစံလေး ဆရာဝန် ရှောင်ရှောင်းကျန့်ဟာ ဘေးအိမ်က လူဆိုးကောင်လေးရဲ့ မွေးနေ့မှာပဲ ဖွင့်ပြောခဲ့ပါတယ်။ ဒီအတိုင်း ပေါ့ပေါ့ပါးပါး YiZhan Fanfic တစ်ပုဒ်ပါ။ အလိုရှိရင် ဖတ်ကြည့်နိုင်ပါတယ်။