饺子 ဖက်ထုပ် လုပ်ရတာက ရှောင်းကျန့်အတွက် အပိုင်နိုင်ဆုံးလည်း ဖြစ်တယ်။
အစိမ်းရွက်တွေ ကြိုက်တဲ့ ဝမ်ရိပေါ်က မုန်လာဥနီတွေကိုတော့ မစားပြန်ပါဘူး။ ငယ်ငယ်က အသုပ်ပန်းကန်ထဲကနေ မုန်လာဥနီတွေ ဖယ်စားနေတဲ့ နှုတ်ခမ်းစူပုတ်ပုတ်လေးကို သတိရတော့ ပြုံးမိသွားသေးတယ်။စိုက်ထားတဲ့ 韮菜 (kucai) ကျုပ်ချိုင် (တရုတ်ဂျူး)ပင်တွေကိုပဲ ရိတ်ရိတ်လေး ညှပ်လိုက်တယ်။ ရှောင်းကျန့်က ငှက်ကလေးတွေ အစာထည့်ရင်း "မင်းတို့အစ်ကိုလေးအတွက် ဒီနေ့ဖက်ထုပ်" လို့ အော်ဖြစ်အောင် အော်ခဲ့ပါသေးတယ်။
Kucai တွေက နှစ်ပေါင်းကြာရှည်စွာ ရှင်သန်ခြင်း၊ ပေါက်မြောက်ပွားများအောင်မြင်နိုင်ခြင်း အထိမ်းအမှတ်အဖြစ် နေ့ထူးနေ့မြတ်တွေမှာ စားကြတယ်တဲ့။ ရှင်းမနိုင်တဲ့ ပေါင်းမြက်လို အပင်တွေကိုပဲ ငါတို့ ရေရှည်တည်တံ့ဖို့ရယ်လို့ ရှောင်းကျန့်က တွေးတယ်။
ချစ်ခြင်းမေတ္တာ ဝမ်ရိပေါ်လေးထံပါး အဓွန့်ရှည်ပါစေ။
ဖက်ထုတ်ကို တိုင်းရင်းဆေးဆရာတစ်ယောက်က စ ခဲ့ပါတယ်တဲ့။ ဆောင်းဝင်တဲ့ ကာလတွေမှာ နှာစေး၊ နှာပိတ် မဖြစ်အောင် နွေးထွေး အာဟာရ ဖြစ်တဲ့ အစားအစာရယ်ပေါ့။
အသည်း စားသမျှ အာဟာရဖြစ်ပါစေ။ နွေးထွေး ကျန်းမာ ပါစေ။
"ကျန့်ကော ကျနော် ရောက်ပြီ"
တကယ်ကျ ရှောင်းကျန့်က ဘာမှ မပြင်ဆင်ရသေးဘူး။ နောက်ကျမှ အိပ်ရာထလေ့ရှိတဲ့ ဝမ်ရိပေါ်လေးက အခုဆို စောစော ရောက်လာတတ်ပါတယ်။
"ခဏစောင့်နော် ဟိုဟိုဒီဒီကြည့်ရင်းလေ"
"ကျနော် ကျန့်ကောကို ကူရမလားလို့"
"ရတယ် ခဏဆို ရပြီ"
ရှောင်းကျန့်က ဂျုံရွက်လေးတွေကို ပြားပြီး ဝက်သား၊ ဂေါ်ဖီနဲ့ kucai ရွက် အရသာ နယ်ထားပြီးသားကို ဂျုံရွက်လေးတွေဆီမှာ အနေတော်လေးတွေ ထည့်တယ်။
ပြီးတော့ အသားနှပ်ထားတဲ့ အပိုလေးတွေ ချန်ထားလိုက်ပါသေးတယ်။
အရိုးပြုတ်ရည်ထဲမှာ ချန်ထားတဲ့ အသားတွေနဲ့ အသားလုံးပြုတ်တယ်။ ပြီးတော့ ဖက်ထုပ်တွေကို ပြုတ်တယ်။
ငရုတ်ဆီ၊ နှမ်းဆီမွှေး၊ ကြက်သွန်ကြော်၊ ကြက်သွန်မြိတ်ရယ် အသားလုံးရယ် အရိုးပြုတ်ရည် ချိုချိုကလေးနဲ့ အဟာရ ပြည့်တဲ့ ဖက်ထုပ်ရယ်ပေါ့။ ပြီးတော့ မကပ်အိုးနဲ့ ဖက်ထုပ်အိုးကပ် နည်းနည်းတောင် လုပ်လိုက်သေးတယ်။
YOU ARE READING
An Ideal Husband (Completed)
FanfictionUnicode and Zawgyi included လူသားနမူနာ ပုံစံလေး ဆရာဝန် ရှောင်ရှောင်းကျန့်ဟာ ဘေးအိမ်က လူဆိုးကောင်လေးရဲ့ မွေးနေ့မှာပဲ ဖွင့်ပြောခဲ့ပါတယ်။ ဒီအတိုင်း ပေါ့ပေါ့ပါးပါး YiZhan Fanfic တစ်ပုဒ်ပါ။ အလိုရှိရင် ဖတ်ကြည့်နိုင်ပါတယ်။