တစုံတယောက်ရဲ့ အမှတ်တမဲ့တွေကို
ဘ၀နဲ့ရင်းပြီး အသေအချာသိမ်းထုပ်ထားမိတဲ့နေ့ရက်တွေပါပဲ။
ဘ၀ရဲ့လက်ကျန်သက်တမ်းတွေကို
အဲ့ဒီတယောက်အနိုင်ယူဖို့ လက်ဆောင်အဖြစ်ပေးချင်လာပြီး အဲလိုပေးဖို့အတွက်ကိုလည်း
ကိုယ်ကဘာမှမဟုတ်ခဲ့လို့ အားတုန့်အားနာဖြစ်နေမိတာပဲ။ရိပေါ်ရဲ့ အမေရိကန်အိပ်မက်က တကယ် ဖြစ်လာခဲ့တယ်။
ဝမ်ရိပေါ်က တုံးတိုက်၊ ကျားကိုက် ကြိုးစားတဲ့ ာအသက် (၂၀) လူငယ်ကလေး။သူ့နေ့ရက်တွေက မခက်ဘူးလားဆိုရင်တော့ လိမ်တာပါပဲ။
အများကြီးတော့ မခက်ခဲခဲ့ဘူး။
တရုတ်မှာ ရှိနေတဲ့ ကလပ်စ်ကလည်း အများကြီး support ပေးခဲ့တယ်။
သူ့ဆုံးဖြတ်ချက်အတွက်လည်း သူ့သူငယ်ချင်းတွေက ပျော်ခဲ့တယ်။အနည်းဆုံးတော့ သူ ရှောင်ရှောင်းကျန့်ကို အနိုင်ပေးချင်တယ်။
ဘဝမှာ ပြန်မဆုံတော့တယ် လူတစ်ယောက် ဖြစ်ကောင်း ဖြစ်မယ်လေ။သူ ကောကောကို မချစ်တော့ဘူးလားဆိုတဲ့ မေးခွန်းကို မမေးဖြစ်ဘူး။
နောက် အသက်ရှင်သမျှလည်း မေးဖြစ်လိမ့်မယ် မဟုတ်ဘူး။သူ ချစ်တယ်။
ဒါပေမဲ့ စိတ်နာတယ်။
ရှောင်းကျန့်ကတော့ ဒီပုံစံ ဇာတ်သိမ်းတဲ့ အချစ်ကို မတည်ဆောက်ဘူး ထင်ခဲ့မိတာ။ရှက်ရှက်နဲ့ ဝန်ခံရရင် ရှောင်းကျန့်က သူ့ကိုယ်သူထက် သူ့ကို ပိုသိနေတဲ့သူပါပဲ။
အိပ်မက်နောက် အသည်းအသန်လိုက်ရင်း အလုပ်ရှုပ်နေတာက အလွမ်းဒဏ်ကို အများကြီး သက်သာစေတယ်။
ပြည်ကြီးပေါက် တရုတ်ကလေးအတွက် အခက်ခဲဆုံးကတော့ အစားအသောက်ပါပဲ။
(2) နှစ်အတွင်း ရှောင်းကျန့်က သူ့ရဲ့ ဖြစ်သလို စားသောက်နေထိုင်ပုံစံကို ဖျက်စီးခဲ့ပြီးပြီ။မနက်စာကို တရုတ်ရိုးရာ ပြင်ပေးတတ်တဲ့သူကြောင့် ဆန်ပြုတ်ပူပူပျစ်ပျစ်ကလေး ရှိမနေတာက အသားကျဖို့ မလိုဘူး။
ပြိုင်ပွဲနေ့တွေမှာ လက်ဖျားစကလေး ထွေးကိုင်ချင်စိတ်ကိုလည်း မျိုချထားရပါတယ်။
ထွေးအန်ချလိုက်တာနဲ့ သူ တကယ်ပဲ ပြိုကျသွားတော့မှာ။
အိပ်မက်မက်မိတာနဲ့ ရုတ်တရက် ပြန်ပြေးချင်တာ။
ကောကောအပေါ် မရင့်ကျက်တဲ့ အပြုအမူတွေ မလုပ်တော့ပါဘူးလို့ ပြောပြချင်တာ။
YOU ARE READING
An Ideal Husband (Completed)
FanfictionUnicode and Zawgyi included လူသားနမူနာ ပုံစံလေး ဆရာဝန် ရှောင်ရှောင်းကျန့်ဟာ ဘေးအိမ်က လူဆိုးကောင်လေးရဲ့ မွေးနေ့မှာပဲ ဖွင့်ပြောခဲ့ပါတယ်။ ဒီအတိုင်း ပေါ့ပေါ့ပါးပါး YiZhan Fanfic တစ်ပုဒ်ပါ။ အလိုရှိရင် ဖတ်ကြည့်နိုင်ပါတယ်။