ရိပေါ်က ရှောင်းကျန့်နဲ့ဆို စကားပိုပြောဖြစ်တယ်။
ရိပေါ်က ဆက်ဆံရေးကျဲပါတယ်။
စိတ်လိုလက်ရ လာတို့ထိနေတာ စိတ်ထဲရှိလို့ပါပဲ။
စိတ်ပါလက်ပါ ပြန်ပြောဖြစ်ရင် စိတ်ထဲနှစ်လို့ပါပဲ။
ဒီလိုရက်တွေမို့ အဆက်အသွယ်ပိုရှိချင်ပါတယ်။
ဒီလိုခေတ်မှာမို့ စိတ်နဲ့ထွေးပွေ့ထားချင်ပါတယ်။အရာအားလုံးကို အကောင်းမြင်စိတ်နဲ့ နှစ် ကြည့်ရင်
ရှောင်းကျန့်ကြောင့် သူ့ဘဝမှာ ပန်းပွင့်တွေကို ချစ်ခဲ့ရ။ရှောင်းကျန့်ကြောင့် အကောင်လေးတွေကို တွယ်တာခဲ့ရ။
ရှောင်းကျန့်ကြောင့် ဘဝရဲ့ ခက်ခဲသောတွေကို ရင်ဆိုင်နိုင်ခဲ့ရ။
_________________________________________
"ကောကော ကျနော်တို့ လက်ထပ်ကြမလား"
"ဟင်"
"ရိပေါ် ကောကောအပေါ် သေချာလား"
"ကော မေးချင်တာ သိတယ်မဟုတ်လား"
"အင်း"
ရိပေါ်က သေချာ မသိဘူး။ လူတစ်ယောက်ကို ချစ်တယ်ဆိုတာထိ သူ မတွေးဖူးဘူး။ ရှောင်းကျန့်နဲ့နေတာကို သူ ပျော်တာပဲ။ အတူရှိချင်တာပဲ။
ရှောင်းကျန့်ဘက်ကို တွေးဖို့ နည်းနည်းမေ့သွားတယ်။ ရှောင်းကျန့်ဆီက အချစ်ခံရတာကို သဘောကျနေတာရော မဖြစ်နိုင်ဘူးလား။
တစ်ဘဝလုံး အတူရှိသွားရင် ရှောင်းကျန့်ကို ပျော်အောင် ထားနိုင်ပါ့မလား။
ရှောင်းကျန့်ကို ကာကွယ်နိုင်ပါ့မလား။
ရှောင်းကျန့်အတွက် ဂုဏ်ယူရတဲ့ သူတစ်ယောက် ဖြစ်ပါ့မလား။ရှောင်းကျန့်အတွက် သူက အရမ်းငယ်သေးတဲ့ ကောင်လေးပဲ ဖြစ်နေမလား။
ရှောင်းကျန့်အတွက်...။
ရှောင်းကျန့်အတွက်...။ရိပေါ်က သူ မသိလိုက်မိခင်မှာပဲ ရှောင်းကျန့်အတွက်ပေါင်း များစွာကို တွေးမိသွားပြီ။
"ကျန့်ကော"
"ဟင် ပေါ်တိ"
"နောင် ငါးနှစ်နေလို့ ဒီစကားပြောရင်
ပြန်မမေးဘဲ လက်ခံပေးမလား"
YOU ARE READING
An Ideal Husband (Completed)
FanficUnicode and Zawgyi included လူသားနမူနာ ပုံစံလေး ဆရာဝန် ရှောင်ရှောင်းကျန့်ဟာ ဘေးအိမ်က လူဆိုးကောင်လေးရဲ့ မွေးနေ့မှာပဲ ဖွင့်ပြောခဲ့ပါတယ်။ ဒီအတိုင်း ပေါ့ပေါ့ပါးပါး YiZhan Fanfic တစ်ပုဒ်ပါ။ အလိုရှိရင် ဖတ်ကြည့်နိုင်ပါတယ်။