25

2K 134 6
                                    

ရိပေါ်တို့ တောင်ပေါ်ရောက်တော့ ညနေစောင်းနေပြီ။ ရှောင်းကျန့်နေတဲ့အဆောင်က တစ်ယောက်ခန်းလေးရယ်ပါ။ အရှေ့မှာ ဧည့်သည်လာရင် ဧည့်ခန်းတစ်ခန်းရာ်၊ မီးဖိုချောင်ရယ်သာ ပါရှိတယ်။

ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ နယ်စပ် ရွာကလေးရဲ့ ဝန်ထမ်း ဆရာဝန်တစ်ယောက်က အဲ့လောက်ပဲပေါ့။

"ပေါ်တိအတွက်
ရွာထဲကအိမ်မှာ နေဖို့ ပြောပေးမယ်"

"ကျနော် ဒီမှာနေဖို့က အဆင်မပြေလို့လား"

"မဟုတ်ဘူးလေ
ပေါ်တိအတွက် နေရာကျဉ်းမှာစိုးလို့"

"မလိုဘူး ရတယ်"

ဝမ်ရိပေါ်အသံက အနည်းငယ်တော့ မာနေပါတယ်။ ပြီးတော့ ရှောင်းကျန့်ရဲ့ အိပ်ခန်းထဲကို တန်းတန်းမတ်မတ် ဝင်သွားတော့တာပါပဲ။ အခန်းနံရံတွေမှာ ရှောင်ရှောင်းကျန့်က ဝမ်ရိပေါ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ အပြည့်။

"ပေါ်တိ ကိုယ်"

"ဖုံးဖို့လည်း မကြိုးစားနဲ့
ဖော်ပြဖို့လည်း မကြိုးစားနဲ့"

ရှောင်းကျန့်က ကာဖို့ကြိုးစားနေတဲ့ သူ့ခန္ဓာကိုယ်ကို အောက် ချ လိုက်တယ်။

"ခင်ဗျား ကျနော့်ကို မချစ်တော့ဘူးလို့ ဘယ်တုန်းကမှ မထင်ဘူး"

"ပြီးတော့ မေ့ပြီလို့လည်း မထင်ဘူး"

"ဒါပေမဲ့ ခင်ဗျား ကျနော့်ကို ထားခဲ့တယ်ဆိုတာတော့ တကယ်လေ"

ဝမ်ရိပေါ်က အပြင်ကို ထွက်သွားတယ်။
ဧည့်ခန်းထဲမှာ ခဏထိုင်ရင်း အိပ်ပျော်သွားတော့တာပါပဲ။
ရှောင်းကျန့်က သက်ပြင်း တစ်ချက် ရှိုက်မိပြန်တယ်။

ဖြူလွှနူးညက်နေတဲ့ သူ့ရှေ့က ကောင်လေးက ဘယ်လောက်တောင် အလိုမကျ ဖြစ်နေတာလဲ သူ မသိဘူး။

မျက်ခုံးနှစ်ခုက တွန့်ကွေးလို့။
ရှောင်း‌ကျန့်က သာသာဖွဖွ တို့ထိလိုက်တယ်။
ပြီးတော့ အချိန်တော်တော်များများယူပြီး ဒီအတိုင်း ထိုင်ငေးနေမိတော့တာပါပဲ။

ဝမ်ရိပေါ် အိပ်ရာပေါ်ကနေ လူးလဲ ထလိုက်တယ်။ အရှေ့ကလူက သူ့ရှေ့မှာ ထိုင်ပြီး ငေးကြည့်နေတုန်း။ သူ နိုးလာမှ ‌ရှောင်ရှောင်းကျန့်က မလုံမလဲ ထပြီး

An Ideal Husband (Completed)Where stories live. Discover now