ပြန်ဆုံတွေ့ရဖို့ ထစ်အနေတဲ့ကာလကို
စောင့်ဆိုင်းခြင်းများလို့ ခေါ်ဆိုချင်ပါတယ်။_ကောက်ကွေ့
သတိရလို့လည်း ပြေးကြည့်လို့မရပြန်ဘူး။
ဒီ နှစ်ကာလတွေမှာ သူတို့နှစ်ယောက်လုံး ကျောက်သားစလို လွင့်စင်ခဲ့ကြတာပဲ။ရိပေါ်က ရှောင်းကျန့်ဘေးနားမှာ တကယ် လိုက်လျောညီထွေ နေပါတယ်။ မိုးစက် တစ်ဖြောက်ဖြောက်ဟာ ဒီတောင်ပေါ်ရွာလေးကို ဖုံးလွှမ်းလို့။ ရှောင်းကျန့်က အများကြီး ကြည်လင်ရွှင်ပြရှိနေခဲ့ပါတယ်။
နဂိုကတည်းက ကြည်လင်မွေ့လျော်တဲ့ အပြုံးလေးနဲ့ (၂၉)နှစ်သား သူတို့ဆရာဟာ အခုတော့ ရှက်သည်းသည်းလေး ပိုပြုံးနေတော့တာပဲ။ ဝမ်ရိပေါ်က တရားဝင် မိတ်ဆက်ခဲ့တာမို့ သူတို့ဆက်ဆံရေးက ရွာမှာ မသိတဲ့သူ မရှိသလောက်ပါပဲ။
ပြီးတော့ ရွာကလူတွေဆီမှာ သတင်း တစ်ခုလည်း ရှိနေခဲ့တယ်။ နိုင်ငံ့ရတနာလေး လီယိုရဲ့ နာမည်ကလည်း ဝမ်ရိပေါ်ဆိုတာကြောင့်ပါပဲ။ တီးတိုးစကားတွေကလွဲရင် သူတို့က အနေခက်အောက် မလုပ်ခဲ့ပါဘူး။
生日快乐!
"ပေါ်တိ ကျန်းမာ ပျော်ရွှင် လွတ်လပ်ပါစေ"
ရှောင်းကျန့်က မချက်ပေးခဲ့ရတဲ့ သက်ရှည်ခေါက်ဆွဲလေးကို ချက်တယ်။ ရိုးရှင်းတဲ့ ဝိုင်နီနဲ့ ကြက်သား ချက်ထားတဲ့ အရသာလေးပါပဲ။
သူတို့နေ့တွေက ရိုးရှင်းတယ်။
သုံးနှစ်စာ စုထားတဲ့ သူ့ရဲ့ လက်ဆောင်သေးသေးလေးတွေကို ပေးတယ်။ပြီးတော့ နှစ်စဉ် လုပ်နေကျဖြစ်တဲ့ ဝမ်ရိပေါ်မွေးနေ့ ကုသိုလ်ကို ရှောင်းကျန့်က တောင်ပေါ် ဘုရားကျောင်းလေးက မိဘမဲ့ကလေးတွေအတွက် ပညာရေး အထောက်အပံ့ လုပ်တယ်။
ဒီတစ်ခါကတော့ ဝမ်ရိပေါ်လေးနဲ့ အတူပေါ့။သူ့မှာ (၃)နှစ်စာ ပြောစရာ စကားတွေရှိတယ်။
"ပေါ်တိ ပျင်းလာဟင်
ဆေးခန်းထဲ လိုက်ခဲ့ချင်လား""ရတယ် ရှောက်ဟွားနဲ့ ကစားရင်း နေခဲ့မယ်"
ဒီရောက်မှာ သိရတာက ဝမ်ရိပေါ်လေးက ကလေး ချစ်တတ်တာကိုပါပဲ။ ရှောက်လင်ရော၊ ရှောက်ဟွားရောက သူတို့မိဘတွေ ပြန်လာပြီးတာတောင် မိုးချုပ်တဲ့အထိ ကပ်နေလေ့ ရှိတယ်။

YOU ARE READING
An Ideal Husband (Completed)
FanfictionUnicode and Zawgyi included လူသားနမူနာ ပုံစံလေး ဆရာဝန် ရှောင်ရှောင်းကျန့်ဟာ ဘေးအိမ်က လူဆိုးကောင်လေးရဲ့ မွေးနေ့မှာပဲ ဖွင့်ပြောခဲ့ပါတယ်။ ဒီအတိုင်း ပေါ့ပေါ့ပါးပါး YiZhan Fanfic တစ်ပုဒ်ပါ။ အလိုရှိရင် ဖတ်ကြည့်နိုင်ပါတယ်။