28

2K 120 3
                                    

ရှောင်းကျန့်ဟာ တုန်ရီနေတော့တာပါပဲ။
မမျှော်လင့်ထားတဲ့ အချိန်မှာ မမျှော်လင့်ထားတဲ့ ကံကြမ္မာ။

ရှောင်းကျန့်က အများကြီး လန့်သွားခဲ့ပေမဲ့
ဝမ်ရိပေါ်က ကြီးမားတဲ့ ထိခိုက်ဒဏ်ရာ ရတာမျိုးတော့မဟုတ်ဘူး။

ဆေးရှိန်နဲ့ ရိပေါ်ကတော့ အိပ်ပျော်နေဆဲပဲ ဖြစ်တယ်။
ဒါက ကံမကောင်းရင် သေစေနိုင်တယ်။
ကံကောင်းလွန်းတဲ့ ရိပေါ်ကတော့ ခေါင်းမှာ ထိခိုက်ဒဏ်ရာ အနည်းငယ်မျှသာ ရရှိခဲ့တာ ဖြစ်ပါတယ်။
ပြီးတော့ ပြင်းထန်တဲ့ လဲကျခြင်းကြောင့် နာရီ တော်တော်များများ သတိမေ့နေခဲ့တယ်။

ရှောင်းကျန့်က ရိပေါ် ထွက်လာပြီးကတည်းက အပေါ့သွားဖို့လေးတောင် မထခဲ့ဘူး။ စိတ်ချရတဲ့ အချိန်မှာတောင် သူ စိတ်မချနိုင်ဘူးလေ။
ရိပေါ်ရဲ့ ပွန်းပဲ့ဒဏ်ရာရထားတဲ့ လက်ဖမိုးလေးတွေကိုသာ အသာအယာ တို့ထိနေမိတယ်။ ကြည်စင်နေတဲ့ မျက်နှာလေးက အနည်းငယ်တော့ နွမ်းလျနေတယ် ထင်မိတယ်။

"ရှောင်းကျန့် တစ်ခုခုစားဦး"

"ရတယ် ငါ သူ နိုးလာမှ စားမယ်"

"ကျန့်ကျန့်လည်း ဆရာဝန်တစ်ယောက်ပဲ
ကျဲ ဆိုလိုတာကို နားလည်တယ် မဟုတ်လား"

ရှောင်းကျန့်က ကျဲလုရဲ့စကားကို နားထောင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
သူက ဆရာဝန်တစ်ယောက်ပါ။
ဒါပေမဲ့ ဝမ်ရိပေါ်နဲ့ ပတ်သက်ရင်တော့ ဘာသုံးသပ် ဆင်ခြင်နိုင်တဲ့စိတ်ကလေးမှ ရှိမနေဘူး။
သာမန် ကြာချိန်လေးကိုတောင် နှေးတယ်ထင်ပြီး တစ်စက္ကန့်ချင်း ရေတွက်နေမိတာ။
နည်းပါးလွန်းတဲ့ လွဲချော်မှု‌ဖြစ်စဉ် တစ်ခုခုအတွက်တောင် ရင် တဒိတ်ဒိတ် ခုန်နေတာ။

ဒါက ရှင်းပြရခက်တယ်။

သန့်စင်ခန်းထဲကိုဝင်ပြီး ကိုယ်လက် သန့်စင်လိုက်ပါတယ်။ ရေတစ်ခွက်သောက်ပြီးတာတောင် သူ့လည်ချောင်းတွေက ခြောက်သွေ့နေတယ်။ လူတွေ အများကြီး ရှိနေတာကလည်း သူ့ကို အထီးကျန် ဝမ်းနည်းစေတုန်းပဲ။

ကောင်ဆိုးလေး
မင်း အိပ်နေတာ တော်သင့်ပြီ။
ငါ့ကို စကားပြောသင့်ပြီ။
ငါ မင်းကို ထွေးပွေ့ချင်ပြီ။

An Ideal Husband (Completed)Where stories live. Discover now