ရှောင်းကျန့်ဟာ ရိပေါ်အနားမှာ ရှိလာလေလေ ပိုသေချာလေ ဖြစ်လာတယ်။
သူ့ဘဝဟာ ပိုကောင်းမွန်လာတဲ့ နေ့တွေ ဖြစ်လာတယ်။ နေ့စဉ်နဲ့အမျှ ကောင်းမွန်အောင် နေထိုင်လည်း ငြီးငွေ့တဲ့နေ့တွေဟာ ရှိတာပဲ။
သူတို့ နေထိုင်နေရတာ လူ့အဖြစ်မို့လေ။သူဟာ ဝမ်ရိပေါ်ကြောင့် ရင် အခုန်မြန်ရတယ်။ ကြည်လင် မွေ့ပျော်ရတယ်။
ဒါဟာ သူ ချစ်မိပြီးကတည်းက နေ့စဉ်နဲ့အမျှပါပဲ။"ကျန့်ကျန့်လေး ပျော်စရာ ကိစ္စတွေ ရှိတယ်လား"
ရှောင်းကျန့်ရဲ့ စီနီယာ အစ်မတွေ၊ ဆေးရုံက လူတွေက သတိထားမိတဲ့ အထိပါပဲ။
ရှောင်းကျန့်မှာ ချစ်ရတဲ့ သူငယ်ချင်းတွေကို ဝမ်ရိပေါ်အကြောင်း ပြောပြထားတယ်။
"ကျန့်ကျန့် နင့်ကောင်လေးကိုလည်း မိတ်ဆက်ပေးဖို့ ခေါ်လာဦးလေ"
ကျဲလုလုက ပြောပါတယ်။
"သူ အနေခက်နေဦးမှာ ကျဲရဲ့
ပိုပြီး အပြန်အလှန် နားလည်လာမှ""ရှောင်းကျန့်က ထပ်စောင့်နိုင်သေးတယ် ကျဲရေ
ကျနော်တို့လည်း စောင့်ရမှာပဲ""ဆေးရုံက ကောင်မလေးတွေကတော့
ကျန့်ကျန့် ရည်းစားရတာသိရင် အသည်းတွေ ကွဲကုန်တော့မှာပဲ""ကျဲကလည်း"
ငယ်ပေါင်းကြီးဖော်တွေနဲ့ဆို ရှောင်းကျန့်က ပိုလွတ်လပ်တယ်။ သက်တောင့်သက်သာဖြစ်တယ်။
ပုံမှန်ဆို ကျဲလု၊ ကျိုးချန်၊ ယူချန်း တို့နဲ့က ခဏခဏ တွေ့နေကျ။ ကျိုးချန်၊ ယုချန်းနဲ့ ရှောင်းကျန့်တို့ သုံးယောက်က ငယ်ငယ်ကတည်းက တော်တော်ရင်းနှီးခဲ့တဲ့ သူငယ်ချင်းတွေ။ ရှောင်းကျန့်က အပေါင်းအသင်းများတယ် ထင်ရပေမဲ့ လက်တစ်ဖက်စာ အရေးပါတဲ့သူတွေကိုတော့ ဘဝတစ်လျှောက်လုံး သယ်ပိုး သွားနိုင်တဲ့သူပဲလေ။
ကျဲလုက ကျိုးချန်ရဲ့ အစ်မ ဖြစ်ပြီး ယုချန်းက ကျဲလုနဲ့ ဖူးစာ ပါသွားတော့လည်း သူတို့ အသစ်ပေါင်းစရာ မလိုတာပေါ့။ ရှောင်းကျန့်က ငယ်ငယ်ကတည်းက လိမ္မာတဲ့ ကလေးလေးရယ်။ အခုတော့ လူလွတ်နှစ်ယောက်ဖြစ်တဲ့ ကျိုးချန်နဲ့ ရှောင်းကျန့်က ပိုတွဲဖြစ်တယ်။
YOU ARE READING
An Ideal Husband (Completed)
FanficUnicode and Zawgyi included လူသားနမူနာ ပုံစံလေး ဆရာဝန် ရှောင်ရှောင်းကျန့်ဟာ ဘေးအိမ်က လူဆိုးကောင်လေးရဲ့ မွေးနေ့မှာပဲ ဖွင့်ပြောခဲ့ပါတယ်။ ဒီအတိုင်း ပေါ့ပေါ့ပါးပါး YiZhan Fanfic တစ်ပုဒ်ပါ။ အလိုရှိရင် ဖတ်ကြည့်နိုင်ပါတယ်။