6

3.2K 213 6
                                    

ချစ်ခြင်းမေတ္တာကို ရှုမျှော်ခင်းနဲ့ တွဲထားတယ်။
ဒီလို မနက်တွေဟာ ပိုလှတယ်။
ရှောင်းကျန့်က အရင်ကထက် ပိုပြီး စောစော အိပ်ယာထသေးတယ်။
နံနက်ခင်းကို သီချင်းတိုးတိုးညည်းရင်း စ တင်လိုက်တယ်။
ကမ္ဘာမြေရဲ့ တစ်နေရာ မဟုတ် တစ်နေရာမှာ သတင်းကောင်း တစ်ခု ရှိနေလိမ့်မယ်။
ပျက်ကျ ပြိုလဲနေမဲ့အရာတွေအကြောင်း ယောင်လို့တောင် မတွေးမိဘူး။

ကျင်းကော်ကို မနက်စာကျွေးရင်း "မင်းကိုကိုအတွက် မနက်စာ ချက်ဦးမယ်" လို့ ကြွားဝါ ပစ်လိုက်တယ်။

ငှက်ကလေးတွေကို အစာထည့်ရင်းလည်း "ပေါ်တိဖို့ မနက်စာချက်ရမှာမို့ ငါ မအားဘူးရယ်ပေါ့"

ရှောင်းကျန့်က အေပရွန်ကို အကျအနဝတ်ပြီး ချက်ပြုတ်ဖို့ ပြင်တော့တယ်။
ဝမ်ရိပေါ်အတွက် ‌မနက်စာ ပြင်ပေးချင်တဲ့စိတ်ကူးဟာ သူ့အိပ်မက်ပါပဲ။

သူက ရိုးရှင်း လွယ်ကူတဲ့ Dan Dan ခေါက်ဆွဲကိုပဲ ချက်ဖို့ စိတ်ကူးတယ်။

ငရုတ်သီးနဲ့ နာနတ်ပွင့်ကို ဆီသတ်တယ်။
ပြီးတော့ အသားအတွက် တစ်ခုခုပေါ့။
အခု သူသုံးထားတာက ဝက်သား။
အသားအတွက်လည်း ကြက်သွန်ဖြူ၊ ဂျင်းနဲ့ တရုတ် ငါးမျိုးစပ် ဟင်းခတ်အမွှေးအကြိုင်ကို သုံးပြီး ဆီသတ်တယ်။ သူ တစ်ယောက်တည်းသာ ဆိုရင်တော့ အသားကို တစ်ခါချက်ပြီး အလွယ်ရအောင် ဘူးနဲ့ သိမ်းထားတာပဲ။ အထူးလူသားလေးကိုတော့ အစစ အရာရာ လတ်ဆတ်တာတွေ စားစေချင်တယ်။ အိုးထဲက ကြက်သွန်မြိတ်နဲ့ နံနံပင်ကိုပါ ညှပ်ယူလိုက်သေးတယ်။

ရှောင်းကျန့်မှာ ဟင်းခတ်အမွှေးအကြိုင်အပင်တွေ ရှိတယ်။ ခပ်စိမ်းစိမ်းအရွက်တွေက မျက်စိအမြင်‌ကို အေးစေတယ်။ စိမ်းမြကြည်လင် ရှိစေတယ် မဟုတ်လား။

ရှောင်းကျန့် ခေါက်‌ဆွဲပြင်ပြီးခါနီးတဲ့အခါ ရိပေါ်က ရောက်လာခဲ့တယ်။ ဒီတစ်ခါမှာတော့ ဝမ်ရိပေါ်က တံခါးမကြီးနေရာကနေ ဝင်လာခဲ့တာပါပဲ။

ဝမ်ရိပေါ်က သူ့ဆံပင် ရွှေရောင်လေးတွေကို တစ်ဝက်စည်းထားတယ်။ ဝတ်နေကျ cargo pants ပွပွနဲ့ oversized T-shirt ကလေးနဲ့။
ဝမ်ရိပေါ်ရဲ့ မျက်နှာကြည်ကြည်စင်စင်လေးက တကယ့်ကလေးလေး။

An Ideal Husband (Completed)Where stories live. Discover now