သောက်နေကျ ကော်ဖီကအစ အရသာမရှိတဲ့ မနက်ခင်းတွေ။
တတိတိ လှိုက်စားပြီး ပြတ်ထွက်သွားတဲ့ ကြိုးတွေ။
ဝမ်ရိပေါ်က သောက်လက်စ ကော်ဖီခွက်ကိုချပြီး စီးကရက်ကိုသာ ကိုက်ခဲလိုက်တယ်။မနေ့ကရော၊ ဒီနေ့ပါ လူဟာ နွမ်းရိ ကျိုးကျေလို့။
ကွေ့ကွင်းရခြင်းရဲ့ ဆိုးရွားတဲ့ ဒဏ်ကို သူ ခံနေရပြီ။ဘယ်လိုအခြေအနေမှာမဆို
သူ အောက်ကျို့ ညှိယူဖို့ အစီအစဉ် ရှိခဲ့တယ်။တစ်ဖက်လူက ရှောင်းကျန့်လေ။
ရှောင်းကျန့်က ဘာမဆို သေချာ နေပြီးသား။မဖြစ်မနေ စားရမယ့် အာဟာရက စလို့
လုပ်သမျှ လှုပ်ရှားမှုတိုင်းက
တစ်ယောက်အရိပ် တစ်ယောက် ကပ်ငြိနေလို့ ပင်ပန်းရတယ်။အငွေ့အသက် လွှမ်းနေတဲ့ နေရာ
အချစ်ဟာ သူတို့ကို ပိတ်မိစေတဲ့ ကျော့ကွင်းပဲ။
ဒဏ်ရာ ရစေပါတယ်။ရှောင်းကျန့်ဟာ ပြတ်သားစွာပဲ ချန်ထားဖို့ ကြိုးစားခဲ့ပါတယ်။
ဝမ်ရိပေါ်ဟာ နားမလည်နိုင်ခဲ့ပါဘူး။
ရက်အနည်းငယ်အတွင်းမှာ ယူနန် မြောက်ပိုင်းကို သွားဖို့ အဆင်သင့် ဖြစ်နေတဲ့သူကို။ ဒါဟာ အိပ်မက်မဟုတ်ဘူးလို့ လက်ခံလိုက်ရတာပါပဲ။သူ ပြိုလဲပြခဲ့တယ်။
နေ့နေ့ညည အိပ်ရာထဲက မ ထနိုင်တဲ့ထိ။ရှောင်းကျန့်မာနက သူ့ကို ထားသွားတယ်လို့ ယုံကြည်သွားတဲ့နောက်မှာ
ရိပေါ်က အသိကပ်ခဲ့ပါတယ်။သူ ရှောင်ရှောင်းကျန့်ကို ချစ်လို့ အများကြီး ပြောင်းလဲခဲ့တယ်။
အများသော အားဖြင့်တော့ ကောင်းသော ပြောင်းလဲခြင်းတွေပါပဲ။
ရှောင်းကျန့်ကို ချစ်လို့ စီးကရက်ကို လက်လျှော့တယ်။
ပြိုင်ပွဲတွေ ဝင်ပြိုင်တယ်။
ရန်ပွဲတွေကို ရပ်ပစ်တယ်။
အိမ်နဲ့ အများကြီး ညှိနှိုင်းခဲ့တယ်။သူနားလည်သလောက် အချစ်ဟာ ရှောင်းကျန့်ကို စိတ်မပျက်စေချင်တာ။
ရှောင်းကျန့်ဆီက အသိအမှတ် ပြုချင်တာ။Racer life က သူ့အိပ်မက် တစ်ခုလုံး ဖြစ်နေတာတောင် ရှောင်းကျန့်နဲ့ ရှိချိန်မှာတောင် သူ့အကြောင်းပဲ တွေးခဲ့တဲ့အထိပဲ။ သူ့ရဲ့ အစစ်အမှန်တွေကို သူ မသိတော့တဲ့အထိပါပဲ။
YOU ARE READING
An Ideal Husband (Completed)
Fiksi PenggemarUnicode and Zawgyi included လူသားနမူနာ ပုံစံလေး ဆရာဝန် ရှောင်ရှောင်းကျန့်ဟာ ဘေးအိမ်က လူဆိုးကောင်လေးရဲ့ မွေးနေ့မှာပဲ ဖွင့်ပြောခဲ့ပါတယ်။ ဒီအတိုင်း ပေါ့ပေါ့ပါးပါး YiZhan Fanfic တစ်ပုဒ်ပါ။ အလိုရှိရင် ဖတ်ကြည့်နိုင်ပါတယ်။