23

1.7K 126 7
                                    

အချစ်မှာဖြေဆေးရှိ၊ မရှိ ကိုယ်မသိဘူး
ပြန်ဆုံမယ်၊ မဆုံဘူးလည်း မသေချာဘူး။
ရေရာတာက ကိုယ်တည်ဆောက်ထားတဲ့ တစ်ဖက်သတ် အချစ်ပဲ ရှိတယ်။
မင်းမရှိရင် မဖြစ်ဘူးဆိုတဲ့အချစ်မျိုးကို
ငါ့ကိုယ်ငါကြည့်ပြီး ယုံပါတယ်။

ရှောင်းကျန့်အတွက်တော့ ပထမဆုံး ဒီရွာမှာ ကြုံရတဲ့ နှစ်သစ်ကူးပွဲပါပဲ။
နေ့အနေနဲ့ဆိုရင်တော့ တရုတ် ပြက္ခဒိန်ကို ယူထားတာမို့ အတူတူပါပဲ။
ရှောင်းကျန့်က အိမ်ကို မပြန်ဖြစ်ဘူး။
မိသားစု ကန်‌တော့ပွဲကိုလည်း မသွားဖြစ်ဘူး။
ဒီနှစ်တွေမှာ သူ့ပါးနဲ့မားကို အားနာစရာ ကိစ္စတွေပဲ လုပ်မိနေတော့တာပါပဲ။

ဒီနေရာက ဝေးတယ်။ အဲ့တာကြောင့် အိမ်ပြန်ဖို့ အစီအစဉ်လည်း မရှိပါဘူး။ အရင်ကတော့ နှစ်သစ်ကူးဆို တတ်နိုင်သမျှ အိမ်ပြန်နေကျပါပဲ။ သူ့ပါးနဲ့မားက ကျန်းမာရေး စိတ်ပူစရာ မလို‌တာကြောင့်လည်း ဖြစ်မယ်။ သူ့အပေါ် အဆုံးမဲ့ ယုံကြည် နားလည်ပေးတာရောကြောင့်ပေါ့။

ဒီမှာကတော့ နှစ်ကူးဆို ထူးထူးခြားခြား အိမ်ရှေ့မှာ သစ်ပင်စိုက်တယ်။ ရိုးရာ ဝတ်စုံ အပြာကို ဝတ်လေ့ရှိကြတယ်။ လီဆူ ရိုးရာ ကြိုးတပ် ဗျတ်ကို တီးကြပြီး သစ်ပင်မှာ ဝိုင်းပတ် က ကြတယ်။

နှစ်ကူးဆုတောင်းကို အိမ်ပေါက်စေ့ လိုက်ပြီး တောင်းပေးကြတယ်။ အိမ်တိုင်းက ဧည့်ခံ ကျွေးမွေးရေးတွေ လုပ်ကြပါတယ်။ အရက်၊ ချိုချဉ်၊ မုန့်ချို၊ နေကြာစေ့ အလျှံပယ်မို့ ကလေးတွေက တော်တော် ပျော်ကြပါတယ်။

ရှောင်းကျန့်က ရှောက်သခင်လေးနဲ့ သခင်မလေးကို စာအိတ်အနီမှာ ငွေသားအချို့ထည့်ပြီး ဟုန်းပေါင်း ပေးတယ်။ အရင်နှစ်တွေကတော့ သူ အသည်းကို ဟုန်းပေါင်း ပေးတတ်တာပဲ။ ဒါက ပထမဆုံးအကြိမ် သိမ်းထားရမဲ့ စာအိတ်နီကလေးပေါ့။

ကလေးတွေအတွက်ကလည်း တစ်နှစ်တစ်ခါ အဝတ်အစား အသစ်တွေ ဝယ်ကြ၊ ဝတ်ကြနဲ့။ ‌ကလေးလေး နှစ်ယောက်အတွက်လည်း ရှောင်းကျန့်က အနွေးထည် အသစ် ဝယ်ပေးဖြစ်သေးတယ်။ ငွေကြေးထပ် ချစ်ခြင်းမေတ္တာကိုသာ အလိုရှိခဲ့တာ မဟုတ်လား။ ရှောင်းကျန့်က ဒီမှာ ရောက်ကတည်းက သိပ်မအေးတဲ့ နေ့တွေမှာ ရှပ်လက်ရှပ်ကိုသာ ဝတ်ဖြစ်တော့တာ။ ပြီးတော့ ခပ်နွေးနွေး အနွေးထည် အထူနဲ့ပေါ့။

An Ideal Husband (Completed)Where stories live. Discover now