2

7.5K 296 3
                                        

အချိန်အားဖြင့် မနေ့က။

ဝမ်အိမ်ရဲ့ တစ်ဦးတည်းသော သား အဆိုး၊ အရိုင်းတုံးလေးရဲ့ (၁၈)နှစ်ပြည့် မွေးနေ့။

လူကြီး တရားဝင် ဖြစ်မြောက်ပွဲဟုဆိုကာ ပွဲတော်အား ဇွတ်ဆင်ယင် ကျင်းပနေခြင်း ဖြစ်သည်။ မွေးနေ့ပွဲဟု ဆိုသော်လည်း ဝမ်အဆိုးလေးရဲ့ ပါတီပွဲငယ်လေးသာ။

မွေးနေ့ပွဲစပြီး သိပ်မကြာသေးသော အချိန်ကာလတွင် ဖြစ်၏။

တီရှပ်အဖြူပေါ်တွင့် သနပ်ခါးရောင် အစင်း ရှပ်လက်ရှည် ဘက်ဂီပန့် ကို တွဲဖက် ဝတ်ဆင်လာသော ‌အနှီ သတ္တဝါသည် သူ့ကို ရူးကြောင်မူးကြောင် ဖြစ်စေသော ရှောင်ရှောင်းကျန့်ပင် ဖြစ်လေသည်။

အသက်ထက်ရင့်ပြီး တည်ငြိမ်သော အဝတ်အစားများကိုသာ ရွေးချယ်ဝတ်လေ့ရှိသည့် ရှောင်းကျန့်ပုံစံက ရိပေါ်တို့ပါတီနှင့် လားလားမျှ မသက်ဆိုင်။

old skool vibe အပြည့်နဲ့ ဝမ်ရိပေါ်က
ရှပ်လက်တို အဖြူစွတ်စွတ်အပေါ်မှာ suspenders ကို တွဲဝတ်ထားသေးတယ်။ ကျားသစ်ကွက် tie ကိုပါ တွဲဝတ်ထားတာမို့ ခပ်မိုမိုက် ပုံစံလေးက ပိုပြီး ကြွနေတယ်။ ရိပေါ်တို့အားလုံးက ဖက်ရှင် အမြင်ရှိတဲ့သူတွေပဲလေ။ တစ်ယောက်သော သူလိုတော့ မဟုတ်ဘူးပေါ့။

ပါတီပွဲကို လာပြီး

"ကော မသောက်တတ်လို့" လို့ လက်ကာပြပြီး
အိမ်က မိဘတွေနဲ့ စကားလက်ဆုံကျနေတဲ့သူက ဘယ်မှာရှိလို့လဲ။

ဒါတောင် လူတိုင်းအမြင်မှာ ဒီရှောင်ရှောင်းကျန့်က နတ်သားလေး ဖြစ်နေတုန်းပဲ။

ပုလင်းဖင်လောက်ထူတဲ့
ဒုတိယ ကမ္ဘာစစ်က မျက်မှန်အဝိုင်းနဲ့။
ဘယ်သူကများ သူ့ကို ရိုးသားကြိုးစား ဖိုးသခွားလေးမှန်း မသိမှာမို့လဲ။

မျက်နှာက တွေ့ကရာလူတွေ ဟန်‌ဆောင်ပန်ဆောင် ပြုံးပြတတ်သေးတယ်။ ရိပေါ် ရာဇာဝင်မှာတော့ လောကွတ်ပျူငှာဆိုတဲ့ စကားလုံး သုံးတောင် မသုံး‌ဖူးပေ။

"ပေါ်တိ အချိန် ခဏလောက်ရရင်
ကျန့်ကောကို (၁၀)မိနစ်လောက် စကားပြောခွင့်ပေးပါလား"

ဟော ကြည့်လေ။ စိတ်ကူးနဲ့ အတင်းလေး ပြောနေတုန်းရှိသေးတယ် ပေါ်လာရော။ ကိုယ့်ထက်အငယ်ကို စကားပြောဖို့အရေး အဲ့လို ခွင့်တောင်းနေတာတွေကို ရိပေါ်က မကြိုက်တာ။

An Ideal Husband (Completed)Where stories live. Discover now