An Ideal Husband လေးဟာ အပိုင်း (၃၁) မှာပဲ ဇာတ်သိမ်း သွားခဲ့ပါပြီ။ ဒီဇာတ်လမ်းလေးကို August 29 မှာ စပြီး ရေးခဲ့ပါတယ်။ ကြာချိန် နှစ်လခွဲလောက်ပဲ ရှိပါတယ်။ ဒီဇာတ်လမ်းလေး ရေးတဲ့အချိန်မှာ ဖတ်မဲ့သူတောင် မရှိပါဘူး။ ပြီးတော့ ကိုယ့်ဇာတ်လမ်းလေးက တကယ် ရိုးရှင်းပါတယ်။ အတက် အကျ အများကြီးနဲ့ ဆွဲဆောင်ထားတာမျိုး မဟုတ်လို့ လူတွေ အများကြီး ကြိုက်မယ်လည်း မထင်ခဲ့ပါဘူး။ ဒါပေမဲ့ ကိုယ့်အနေနဲ့တော့ သဘောကျ စိတ်ကျေနပ်ခဲ့ပါရတာလေး ဖြစ်ခဲ့ပါတယ်။ ချစ်ခြင်းမေတ္တာကို ဒီလိုပါလို့ သက်ဝင်ယုံကြည်သူတစ်ယောက်အနေနဲ့ရော၊ ချစ်တဲ့ အမျိုးသားလေးနှစ်ယောက်ဟာ အဆိပ်အတောက်ကင်းကင်းနဲ့ ချစ်နိုင်မယ်လို့ ယုံကြည်သူအနေနဲ့ပါ ဒီဟာလေးအတွက် ကြည်နူးရပါတယ်။ နောက်ရေးဖြစ်တဲ့အခါ ဓားတွေ ပါနိုင်တာမျိုး ရှိလာမှာပါ။ ကိုယ့်မှာ ဘယ်သူမှ မရှိသေးတဲ့အချိန်မှာ review ရေးပေးခဲ့တဲ့၊ အတူရှိပေးခဲ့တဲ့ အစ်မ HikariWX ကို အများကြီး ကျေးဇူးတင်ပါတယ်။ ဘယ်လို ပရိုမိုးရှင်း ဆင်းရမလဲကိုတောင် မသိခဲ့လို့ပါ။
ဒီ Fic လေးကို အစကနေ လိုက်ပြီး ဖတ်ရှုပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အသေအချာ မှတ်မိပြီး ကျေးဇူးတင်ပါတယ်။ Wattpad ကြော်ညာတက်တဲ့ ပြဿနာကြောင့် online ဖွင့်ပြီးဖတ်ဖို့တောင် စိတ်ရှုပ်ရတဲ့ အချိန်မှာ vote ပေးတဲ့သူတွေကိုလည်း အထူးကျေးဇူးတင်ပါတယ်။
Fiction ဖြစ်တဲ့အတွက် လွဲနေတဲ့ အယူအဆ အများကြီး ရှိနေနိုင်ပါတယ်။ အဲ့ဒီအတွက် အမှားအယွင်းများ ရှိခဲ့ရင် နားလည် ပေးကြပါဦးရှင်။
ဝန်ခံချက်ကတော့ ထည့်ရေးခဲ့တဲ့ လီဆူရွာက မြန်မာ_တရုတ်နယ်စပ်က တရုတ်ပိုင်နက်အတွင်းက လီဆူရွာလေးကို ရည်ညွှန်းပါတယ်။ နုကျန်းဟာ အဲ့လောက် ဖွံ့ဖြိုးမှုနိမ့်တဲ့ဒေသ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ ဒါလေးကို ထည့်ရေးရတဲ့ အကြောင်းကတော့ ကိုယ် ငါးနှစ် နေခဲ့ဖူးတဲ့ မြန်မာနိုင်ငံအတွင်းက လီဆူရွာလေး အလွမ်းပြေပါ။
ချစ်စရာကောင်းတဲ့ ကောကောနဲ့ ပေါ်တိကလေးဟာ တကယ်ပဲ ခွဲခွာရတော့ပါမယ်။
အစ်မအတွက် နောက် Fiction အသစ် ပြန်လာဖို့ ခွန်အားလေးအဖြစ်နဲ့ ဒီ fiction လေး ဖတ်နေခဲ့တဲ့အတွင်း ခံစားချက်လေး၊ ကိုယ့် စာအရေးအသားအပေါ် အမြင်လေးတွေကို ရေးခဲ့စေချင်ပါတယ်။နောက်ထပ် fic အသစ်လေးနဲ့ ပြန်လာခဲ့ပါ့မယ်နော်။
Bye Bye An Ideal Husband 😘
အစစ အရာရာ လုံခြုံနွေးထွေးပါစေရှင်
Zawgyi
YOU ARE READING
An Ideal Husband (Completed)
FanficUnicode and Zawgyi included လူသားနမူနာ ပုံစံလေး ဆရာဝန် ရှောင်ရှောင်းကျန့်ဟာ ဘေးအိမ်က လူဆိုးကောင်လေးရဲ့ မွေးနေ့မှာပဲ ဖွင့်ပြောခဲ့ပါတယ်။ ဒီအတိုင်း ပေါ့ပေါ့ပါးပါး YiZhan Fanfic တစ်ပုဒ်ပါ။ အလိုရှိရင် ဖတ်ကြည့်နိုင်ပါတယ်။