ထိမ်းမြားလက်ထပ်ခြင်းနှင့် Shih Tzu တစ်ကောင် ရောက်လာခြင်း
ရိုးရှင်းတဲ့ မင်္ဂလာပွဲတစ်ခုက အဲ့လောက်ထိ အလုပ်ရှုပ်မယ်လို့ သူတို့ မတွေးမိခဲ့ကြဘူး။
အခြားသူတွေက တရားဥပဒေအရ အသိအမှတ်ပြုတဲ့ နိုင်ငံတစ်နိုင်ငံမှာ လက်ထပ်ဖို့ တိုက်တွန်းကြတယ်။ နိုင်ငံ အနေအထားအရတော့ သူတို့ နှစ်ယောက်လုံး လက်ထပ် မှတ်ပုံတင်လို့ မရဘူး။
ရှောင်းကျန့်နဲ့ ရိပေါ်အတွက်တော့ လက်ထပ်ခြင်း၊ လက်မထပ်ခြင်းက အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ရှိမနေဘူး။ အရေးမပါဘူးဆိုတာက တရားဥပဒေအရ ချည်နှောင်ထားခြင်းမျိုးကို ဆိုလိုတာပါ။ သူတို့ဟာ သူတို့ဘေးမှာ ရှိနေတဲ့သူတွေဆီက ချစ်ခြင်းမေတ္တာ အတွက် ကောင်းချီးကိုတော့ သူလို ကိုယ်လို လိုအပ်တာပါပဲ။
"ကောကော ကျနော်တို့ အင်္ကျီတိုင်းဖို့ သွားရမယ်"
"ဒီအတိုင်းပဲ မရဘူးလား"
"မရဘူး ကောကောကို ဒီလောက်လေးတော့ လုပ်ပေးပါရစေ"
"ငါတို့က ယောက်ျားလေးတွေ"
"ဂါဝန် ချုပ်နေတာမှ မဟုတ်တာ
ကောပိစိလေးရဲ့ အဘိုးကြီးလို မနေစမ်းပါနဲ့"ဝမ်ရိပေါ်က ရှောင်းကျန့်ကို ကားထဲ အတင်း တွန်းတင်လိုက်ပါတယ်။
မင်္ဂလာဆောင်ဖို့အတွက် ပြင်ဆင်ရတာ နည်းနည်းတော့ ပင်ပန်းတယ်။ အလွဲအချော် နည်းနည်းစီလည်း ရှိတယ်။ ပြီးရင်တော့ ရယ်မောရင်း အဆုံးသတ်လိုက်နိုင်တာပါပဲ။
ဘာသာရေး အယူအဆအရရော၊ တရားဥပဒေအရရော မဟုတ်တာကြောင့် ဘုန်းတော်ကြီး မပင့်ခဲ့ကြဘူး။
ဝမ်ရိပေါ်ရဲ့ အဖြူနုနု အသားအရည်ဟာ တစ်ဖိတ်ဖိတ် တောက်နေတဲ့ အနက်ဝတ်စုံနဲ့ လိုက်ဖက်လွန်းတယ်။ ရှောင်းကျန့်ကတော့ အဖြူရောင် သတို့သားလေ။
ကျဲလုက မဖြစ်မနေ ပြင်ဆင်ပေးထာမို့ မိတ်ကပ် ပါးပါးလေးနဲ့ အရောင်ပြေး နှုတ်ခမ်းအဆီလေးကို ဆိုးထားတယ်။ ရှောင်ရှောင်းကျန့်ရဲ့ မဆိုသလောက်လေး ရှည်နေတဲ့ ဆံပင်ဟာ အနောက်ကို သိမ်းပြီး လှန်ထားတယ်။ ထင်းလင်းနေတဲ့ နဖူးပြင်ကျယ်က ခန့်ညားတဲ့ အသွင်ကို ဆောင်ပေမဲ့ မဖုံးလွှမ်းနိုင်တဲ့ ပျော်ရွှင်ခြင်း မျက်ဝန်းတွေကတော့ ငယ်ရွယ်စေပြန်တာပဲ။
YOU ARE READING
An Ideal Husband (Completed)
Fiksi PenggemarUnicode and Zawgyi included လူသားနမူနာ ပုံစံလေး ဆရာဝန် ရှောင်ရှောင်းကျန့်ဟာ ဘေးအိမ်က လူဆိုးကောင်လေးရဲ့ မွေးနေ့မှာပဲ ဖွင့်ပြောခဲ့ပါတယ်။ ဒီအတိုင်း ပေါ့ပေါ့ပါးပါး YiZhan Fanfic တစ်ပုဒ်ပါ။ အလိုရှိရင် ဖတ်ကြည့်နိုင်ပါတယ်။