21

1.6K 124 2
                                    

ရှောင်းကျန့်က ယူနန်မြောက်ပိုင်းက တောင်ထူထပ်တဲ့ ရွာကလေးကို ရောက်လာခဲ့ပြီ။

တရုတ်ပြည်သူ့ သမ္မတ နိုင်ငံကြီးရဲ့ စည်ပင်တိုးတက်ပုံက အလွန်ပေါ့။ ဒါပေမဲ့ ဒီနေရာကတော့ ပါခဲ့ပုံမရဘူး။

အခု သူလာတဲ့ နေရာက နုကျင်းမှာ ရှိတာ။ လီဆူ တိုင်းရင်းသား မျိုးနွယ်စုတွေရှိတဲ့ ရွာတစ်ရွာပါပဲ။ ပြီးတော့ ဒါက တစ်ဖက် အိမ်နီးချင်းနိုင်ငံနဲ့ နယ်နမိတ်ချင်း နီးစပ်တဲ့ နယ်စပ်ဒေသ။

နယ်စပ်ဒေသ ဖွင့်ဖြိုးတိုးတက်ဖို့က နိုင်ငံတိုင်းမှာ အတော်ကြီးကို လိုအပ်နေပါသေးတယ်။ အရှိန်အဟုန် မြန်နှုန်းမြင့် တိုးတက်နေတဲ့ အင်အားကြီး တရုတ်နိုင်ငံသော်မှလည်းပေါ့။

ပညာရေး၊ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု၊ လမ်းပန်းဆက်‌သွယ်ရေး၊ နည်းပညာ အစစ အရာရာဟာ တိုးတက်မှု နှောင့်နှေးလွန်းတယ်။

စေးကပ်နေတဲ့ မြေသားလမ်း တစ်ဝက်၊ ကတ္တရာ လမ်းတစ်ဝက်နဲ့ တောင် ဘယ်နှတောင်မှန်း မသိအောင် ကျော်ခဲ့ပြီးတဲ့ နောက်မှာ ရှောင်းကျန့်က ရွာကို ရောက်ခဲ့ပါတယ်။

ရွာကိုရောက်ရောက်ချင်း၊ သူ့အတွက် ရည်ရွယ်ထားတဲ့ လုံးချင်း တစ်ထပ် အဆောင်လေးကို ရောက်တဲ့အခါ အိတ်တွေကို ပစ်ချပြီး ပထမဆုံး လုပ်မိတာ ငိုတာပဲ။

အသက် ၁၈ စွန်းစွန်းကတည်းက နယ်မြို့လေးက တက်လာပြီး တက္ကသိုလ်တစ်ဖက်နဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ခဲ့တဲ့ ရှောင်းကျန့်တောင်မှ အထီးကျန်တယ်‌ဆိုတဲ့ ခံစားမှုကို ရတယ်။

အရာအားလုံးက ဝမ်းနည်းစရာ ကောင်းပါတယ်။ ဘယ်လိုပဲ သူက ကျေးလက်ဖွံ့ဖြိုးရေးတွေမှာ တက်ကြွချင်တဲ့ လူငယ်တစ်ယောက်ဆိုဦး ဒီနေရာကို အဓိက ရောက်လာရတဲ့ တွန်းအားကတော့ အသည်းကွဲလို့ဆိုတာ ရှက်ရှက်နဲ့ ဝန်ခံရပါလိမ့်ဦးမယ်။

မနက်ဖြန်ဆိုရင်ပဲ ဝမ်ရိပေါ်လေးက အသက် (၂၀) ပြည့်ပြီ။
သူက စ ဆွဲခဲ့တဲ့ လက်ကို သူက ပြန်ပြီး လွှတ်ချခဲ့တယ်။ ပြီးတော့ သူ မပီသစွာဘဲ ‌ထွက်ပြေးခဲ့ရပြန်တယ်။

သက်ရှည်ခေါက်ဆွဲလေးကိုသော်မှ ချက်မပေးနိုင်ခဲ့ဘူး။
ဒါပေမဲ့ ဘာလုပ်မလဲ။
ရွေးတဲ့လမ်းအပေါ်မှာ ကောင်းကောင်း လျှော်ရုံပဲ။

An Ideal Husband (Completed)Where stories live. Discover now