13

2.3K 145 7
                                    

တစ်ကမ္ဘာလုံးမှာ နေမထွက်တော့ဘူးဆိုရင်တောင် သူ့ရှိရာအခြမ်းကိုတော့ ကိုယ့်အစွမ်းနဲ့ လင်းချင်း ပေးချင်တယ်။

အိုမာခရမ်က ကဗျာထဲမှာ ဒီလိုရေးခဲ့တယ်။
ပေါင်မုန့်တစ်ချပ်၊ ဝိုင်တစ်ခွက်၊ ကဗျာတစ်ပုဒ်နဲ့
ချစ်သူရှိ‌နေရင် ဘဝဟာပြည့်စုံပြီ တဲ့။

ဒီလိုဆိုတော့ သူတို့နေရတဲ့ဘဝက ပြည့်စုံတာထက်တောင် ပိုသေးတယ်။

မနက်ခင်းတွေ အတူရှိတယ်။
တစ်ယောက်လက်တစ်ယောက် ဆုပ်ကိုင်ထားနိုင်တယ်။

ချစ်မြတ်နိုးရခြင်း အပြည့်နေ့တွေပါပဲ။
ချစ်သူရှိရုံနဲ့တင် ဘဝက တကယ်ပဲ ပြည့်စုံနေခဲ့ပြီမလား။

ဘဝရဲ့အရာအားလုံး အချစ်ကဖန်ဆင်းထားတာ။
အချစ်ကလေးရယ်
မင်းက ကိုယ့် ကောက်ရိုးမျှင်လေး
မျှော်လင့်ခြင်းလေး
အဝါရောင် နွေးထွေးခြင်းလေး
အကြိမ်ကြိမ် ပြန်ကပ်ချင်တဲ့ ကမ်းစပ်ကလေး။
___________________________________________

"ရှောင်းကျန့် accident ဖြစ်လို့"

ကောကောဆီ ဖုန်းအဆက်မှာ ဖြေလာတဲ့ လုကျဲကြောင့် ရိပေါ်က ‌ဆေးရုံကိုပဲ လာခဲ့တယ်။

လူနာအဘွားရဲ့ ဝှီးချဲ လိမ့်သွားတာကို ကားဝင်လာနေတာနဲ့ သွားဆွဲလိုက်တာတဲ့။
သူရောက်သွားတော့ ရှောင်းကျန့်က ပတ်တီး အဖွေးသား။ လက်က အဆစ်လွဲသွားတာပါ။ ပြန်ကောင်းဖို့အတွက်တော့ တစ်ပတ်လောက် ကြာနိုင်တယ်။

"ကျန့်ကောကလည်း"

"မနာပါဘူး ရိပေါ်ရဲ့"

"ကဲ စကားလေး ဘာလေးပြောကြ။
ကျဲ ပစ္စည်းတွေ သိမ်းလိုက်ဉီးမယ်"

ရှောင်းကျန့်က ရယ်ရယ်မောမောပါပဲ။

"ကိုယ် ကျဲတို့နဲ့ ခဏသွားနေဖြစ်မယ်"

"အင်း"

"ဒီရက်ထဲ ရိပေါ် နားလေ
စာက လိုက်နိုင်သားပဲဟာ"

"ကျနော် ကျဲနဲ့ စကား ပြောလိုက်ဦးမယ်"

____

____

"ရှောင်းကျန့် ဖြေးဖြေး"

"ကိုယ်က ရပါတယ် ပေါ်တိရဲ့"

An Ideal Husband (Completed)Where stories live. Discover now