ရင်းနှီး ကျွမ်းဝင်ခဲ့သော ကာလရှည်လျားပေါ့။
ချစ်ခြင်းမေတ္တာနဲ့ လျှောက်လို့သာ မဝေးဘူး ထင်ခဲ့တာ။ချစ်ခြင်းမေတ္တာနဲ့ တွဲထားလို့ ဒီလောက်မြဲခဲ့တာပါ။
ပြန်တွေးကြည့်ရင် အရာအားလုံးက မနေ့ကလိုပဲ။
နှင်းလုံး ဖြူဆွတ်ဆွတ်လေးအပေါ် စတင် ရင်ခုန်ခဲ့တာက စလို့။
(၁၈)နှစ်ပြည့်မွေးနေ့မှာ သူ တုန်တုန်လှုပ်လှုပ် ဖွင့်ဟ ခဲ့တာအဆုံး။
သူ့အပေါ် စကားတစ်ခွန်းတောင် ပြောရခက်တဲ့ ကောင်ကလေးက အချစ်ကို ပြန်လက်ခံခဲ့တဲ့အချိန်။
လူတွေက မဝေးသော နှစ်ကာလအကြောင်းကို ပြန်ပြောချင်တဲ့အခါ မနေ့ကလို တဲ့။
ရှောင်းကျန့်အိမ်မှာ cargo pants ခပ်ပွပွတွေ နေရာယူလာတာ။
ရေချိုးခန်းထဲမှာ သစ်ရွက်စိမ်းနဲ့ သံပုရာနံ့ ဆပ်ပြာလေး ရောက်လာတာ ကြာပြီ။
မီးဖိုချောင်လေးထဲ နံနံရွက်လေးတွေ ပိုများ လာတတ်ပြီ။
ဟင်းခွက်တွေက အနီရောင် မလွှမ်းတော့တာ ကြာပြီ။
(ရှောင်းကျန့်က အစပ်စားချင်လာတဲ့အခါ ငရုတ်သီးအနှစ်ကိုသာ ထည့်စားတတ်တော့တာ)ပန်းတွေကို ကိုယ့်အတွက် ရည်ရွယ်ပြီးလည်း စိုက်ပေးမဲ့သူ ရှိပြီ။
အပြန်လမ်းမှာ စောင့်ကြိုသူ ရှိနှင့်နေပြီ။
ဘတ်စ်ကားက ပြန်အမ်းငွေ အကြွေလေးတွေ။
လေးထောင့်ပုံ ပါဝါမျက်မှန်လေး။
ရုပ်ရှင်လက်မှတ်။
sketch ခြစ်ထားတဲ့ ဆံပင်ရှည်တွေကနေ အခုတော့ အမည်းရော ဆံပင် အတိုတွေ။ညှောင်လို့ မအော်တတ်တဲ့ သူ့ရဲ့ ကြောင်ဖြူဖြူလေး။
အချစ်ဟာ အရာအားလုံးပဲ။
ချိုသော၊ ကြည်သော နေ့တွေ အားလုံးအတွက် အိပ်တောင် မပျော်နိုင်ပါဘူး။အတူရှိတဲ့အချိန်က ဒီ တစ်နှစ်လုံးမှာ များခဲ့တယ်။
လူ နှစ်ယောက် အချိန် အကြာကြီး အတူရှိတဲ့ကိစ္စက နားလည်ဖို့ ခက်ပါတယ်။
ပုံစံမတူတဲ့ လူနှစ်ယောက်
ဖြတ်သန်းလာရပုံခြင်း မတူတဲ့ လူနှစ်ယောက်
အသက်အကွာအဝေး အဟ တစ်ခု ရှိနေတဲ့ လူနှစ်ယောက်
![](https://img.wattpad.com/cover/351144332-288-k297923.jpg)
YOU ARE READING
An Ideal Husband (Completed)
FanfictionUnicode and Zawgyi included လူသားနမူနာ ပုံစံလေး ဆရာဝန် ရှောင်ရှောင်းကျန့်ဟာ ဘေးအိမ်က လူဆိုးကောင်လေးရဲ့ မွေးနေ့မှာပဲ ဖွင့်ပြောခဲ့ပါတယ်။ ဒီအတိုင်း ပေါ့ပေါ့ပါးပါး YiZhan Fanfic တစ်ပုဒ်ပါ။ အလိုရှိရင် ဖတ်ကြည့်နိုင်ပါတယ်။