ပြာလွင် ကြည်တောက်သော နေ့ရက်ကလေးတွေမှာလည်း ရှောင်းကျန့်ဟာ ဘာကိုမှ တွေးမနေခဲ့ပါဘူး။ တစ်နေ့ပြီး တစ်နေ့ ပုံစံတူလာနေတာကိုလည်း စိတ်ပျက်မသွားဘူး။
ဝမ်ရိပေါ်ဟာ သူ့အနားရောက်လာတယ်ဆိုတာကိုက မငြီးငွေ့စေတာ ဖြစ်တယ်။
သူ့မှာ ခြေတို ကြောင်လေး တစ်ကောင် ရှိတယ်။
သစ်ပင်လေးတွေ ရှိတယ်။
မနက်စာ လာကောက်နေကျ ငှက်ကလေးတွေ ရှိတယ်။အိမ်ပြန်ချိန်တိုင်း အတူရှိတဲ့၊ မနက်စာ အတူစားပေးတဲ့ အချစ်ကလေး ရှိတယ်။
ရှောင်းကျန့်ဟာ မကြာခင်မှာပဲ (၂၄) နှစ် ပြည့်တော့မယ်။ ဝမ်ရိပေါ်ကလေး မွေးနေ့အပြီး (၆၁)ရက် အကြာ ကိန်းဂဏန်းတူ ရက်စွဲလေးဟာ သူ့မွေးနေ့လည်း ဖြစ်တယ်။ ဒါက တိုက်တိုက်ဆိုင်ဆိုင် ကံကောင်းခြင်းပါပဲ။
ဝမ်ရိပေါ်လေး ရှိနေတဲ့အတွက်
သူတို့ နှစ်ယောက်လုံးမှာ ထူးခြား ပြောင်းလဲသွားတာ မရှိပါဘူး။သူလို ကိုယ်လို လူသားတစ်ယောက်လို ရုန်းကန်နေရဆဲ နေ့တွေပါပဲ။
ရှောင်းကျန့်ဟာ ဘာကြီးကြီးကျယ်ကျယ်မှ မျှော်လင့်ထားတာ မရှိဘူး။
အပင်နဲ့ သတ္တဝါလေးတွေအပေါ် ပိုချစ်ခင်မယ်။
အားနည်းတဲ့သူကို စောင့်ရှောက်မယ်။
ချစ်ရသူတွေကို ပျော်စေချင်တယ်။ကိုယ့်ကြောင့် သက်ရှိ၊ သက်မဲ့ မထိခိုက် မညစ်နွမ်းစေလိုတဲ့ ဆန္ဒကလေးသာ ရှိတယ်။
ချစ်သောသူနဲ့ ငြိမ်းချမ်းရာ ရပ်ဝန်းတစ်ခုတည်ဆောက်မယ်။
ချစ်သောသူကို ခလုတ်မထိ၊ ဆူးမငြိ ရှိစေချင်တယ်။
တစ်နေ့ပြီးတစ်နေ့ လုံခြုံ နွေးထွေးစေချင်တယ်။
ပျော်ရွှင် ဘေးကင်းစေချင်တယ်။ဘဝက ဒီလောက်ဆို လုံလောက်ပါပြီပဲ မဟုတ်လား။
ဝမ်ရိပေါ်လေးနဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်လေးတွေကတော့ သော့ခတ် သိမ်းယူသွားရမဲ့ memories လေးတွေသာ ဖြစ်လိမ့်မယ်။______________________________________
"ကျန့်ကျန့် လာလေ
အိမ်က ကလေးက မနိုးသေးဘူး"ယန်ဇီမြစ်နဲ့ ကိယလင် မြစ်ဆုံရာ
အနောက်တောင်ပိုင်း တောင်စွန်း မြို့လေးက သူ့ ပါးပါး၊ မာမား ပို့လာတဲ့ လက်ဆောင်တွေကို လာပို့ ပေးဖို့ လာခဲ့တာ ဖြစ်ပါတယ်။
YOU ARE READING
An Ideal Husband (Completed)
FanfictionUnicode and Zawgyi included လူသားနမူနာ ပုံစံလေး ဆရာဝန် ရှောင်ရှောင်းကျန့်ဟာ ဘေးအိမ်က လူဆိုးကောင်လေးရဲ့ မွေးနေ့မှာပဲ ဖွင့်ပြောခဲ့ပါတယ်။ ဒီအတိုင်း ပေါ့ပေါ့ပါးပါး YiZhan Fanfic တစ်ပုဒ်ပါ။ အလိုရှိရင် ဖတ်ကြည့်နိုင်ပါတယ်။